iPhone 6S နှင့် iPhone 6S Plus တရားဝင် မိတ်ဆက်

iPhone-6S-vs-6S-Plus-2-1.jpg

Apple ဟာ မြန်မာစံတော်ချိန်နဲ့ဆိုရင် မနေ့ည သန်းခေါင်ချိန်က အိုင်ဖုန်း အသစ်များ မိတ်ဆက်ခဲ့ ပါတယ်။ iPhone 6S နဲ့ iPhone 6S Plus တို့ ဖြစ်ပါတယ်။ iPhone က 4 ပြီးရင် 4S လာသလို၊ 5 ပြီးရင် 5S လာသလိုပဲ iPhone 6 ပြီးတော့ 6S ထွက်ရှိလာခြင်း ဖြစ်ပါတယ်။

အထွေထွေ သုံးသပ်ချက်

လက်ရှိ iPhone 6 နဲ့ 6Plus တို့နဲ့ ယှဉ်လိုက်ရင် အပြင် ပုံစံအရ ပြောင်းလဲမှု မရှိပါဘူး။ Rose Gold လို့ခေါ်တဲ့ နှင်းဆီရွှေရောင်တော့ တိုးလာပါတယ်။ အပြင်သာ မပြောင်းပေမယ့် အတွင်းက နည်းပညာ Spec များ အတော်လေးကို မြင့်သွားပါတယ်။

ကင်မရာ  

ပထမဆုံး ပြောင်းလဲမှု အနေနဲ့ ကင်မရာ ဖြစ်ပြီး 12 Megapixel အထိရှိသွား ပါတယ်။ ရှေ့ကင်မရာ ဟာဆိုရင်လည်း 5 Megapixel ရှိသွားတာကြောင့် Selfie သမားများအတွက် အံကိုက်ပါပဲ။ ကင်မရာကနေ 4K Video ရိုက်ကူး သိမ်းဆည်းလို့ရပါတယ်။

Processor  

Processor အနေနဲ့ ကတော့ A8 ပြီးတော့ A9 အသုံးပြုမယ်ဆိုတာ လူတိုင်းခန့်မှန်းမိပြီသားပါ။ ပိုမို မြန်ဆန်လာတဲ့ Processing speed ရှိကြောင်း ဆိုပါတယ်။

3D Touch

3D Touch ဆိုတာ touch screen ပေါ်မှာ နှိပ်လိုက်ရင် အတွင်းကို မဝင်ပဲ အပြင်ကနေကို မိမိ ဝင်ချင်တဲ့ နေရာကို ချက်ချင်း ရောက်အောင် ပို့ပေးတဲ့ feature ဖြစ်ပါတယ်။ ဥပမာ ကင်မရာ icon ကိုအသာလေး နှိပ်ထားလိုက်ရင် ရှေ့ကင်မရာ ဖွင့်မလား၊ နောက်ကင်မရာ ဖွင့်မလား၊ ဗီဒီယိုလား၊ ဓာတ်ပုံ ရိုက်မှာလား တစ်ခါတည်း ရွေးဖွင့် ဝင်နိုင်တာကြောင့် အချိန်ကုန် သက်သာ ပါလိမ့်မယ်။ ဖုန်း icon ကနေလည်း မိမိ အခေါ်များဆုံး list ကို ချပေးတာမျိုးတို့ လုပ်ပေး ပါတယ်။

အရွယ်အစား

၄.၇ လက်မ နဲ့ ၅.၅ လက်မ ဖုန်းများ ဖြစ်ပြီး အရင် အိုင်ဖုန်း iPhone 6, 6Plus တို့နဲ့ အတူတူ ပါပဲ။ မီလီမီတာအားဖြင့်ဆိုရင်တော့ 0.1 မီလီမီတာလောက်ပဲ ဆိုတော့ ကြီးသွားတယ်လို့တောင် မသတ်မှတ်နိုင် ပါဘူး။

အရောင်  

အရောင်အားဖြင့် ရွှေရောင်၊ နှင်းဆီရွှေရောင်၊ အနက်ရောင်၊ ငွေရောင်၊ မီးခိုးရောင် အစရှိသဖြင့် လေးမျိုး ရှိပါတယ်။

16GB, 64GB, 128GB ဆိုပြီးတော့ ထုတ်လုပ်ထားပြီး iPhone 6S ရဲ့ ဈေးကတော့ 649 USD, 749 USD နဲ့ 849 USD အသီးသီး ဖြစ်ပါတယ်။ iPhone 6S Plus ဈေးကတော့ 749, 849 နဲ့ 949 USD အသီးသီးတို့ ဖြစ်ပါတယ်။

သုံးသပ်ချက်  

အနှစ်ချုပ်အားဖြင့် သုံးသပ်ပေးရရင် သူဟာ ကင်မရာပိုင်း ပိုမို ကောင်းမွန်လာမှု၊ Processing မြန်ဆန်လာမှုတို့က အဓိက ပြောင်းလဲမှု အဖြစ်ပါတယ်။ မျက်နှာပြင် အရည်အသွေး PPI တို့က လက်ရှိ iPhone 6 နဲ့ 6S တို့နဲ့ ကွာမသွား ပါဘူး။ Sensor များလည်း ကွာမသွား ပါဘူး။ ကင်မရာပိုကောင်းတာ သုံးချင်တယ်။ ပိုမြန်တာ သုံးချင်တယ် သို့မဟုတ် နှင်းဆီရောင်လေး သုံးချင်တယ် ဆိုရင်တော့ လက်ရှိ iPhone 6S နဲ့ 6S Plus တို့ဟာ ရွေးချယ်စရာပဲ ဖြစ်ပါတယ်။ အသေးစိတ်ကို www.apple.com/iphone မှာ လေ့လာ နိုင်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top