ထမင်းမြိန်စေတဲ့ ချဉ်ပေါင်ကြော်တစ်ပွဲ

P1140347.jpg

ချဉ်ပေါင်ကြော်ကိုတော့ တော်တော် များများ ကြိုက်ကြပြီး ထမင်းစားတဲ့ အခါမှာ အရံဟင်း အဖြစ်သုံးလေ့ ရှိပါတယ်။

ချဉ်ပေါင်ကြော်တဲ့ အခါမှာ မျစ်၊ ငရုပ်တီးတောင့်၊ မိမိကြိုက်တဲ့ ဟာလေးတွေကို ထည့်ကြော်လို့ ရပါတယ်။ အစိုကြော် ရှိသလို အခြောက်ကြော်လည်း ရှိပါတယ်။

ချဉ်ပေါင်ကြော်ဟာ ထမင်းမြိန်စေတဲ့ ဟင်းတစ်ပွဲဆိုလည်း မှားမယ် မထင်ပါဘူး။ ချဉ်တဲ့ အရသာ ရှိတယ်ဆိုပေမယ့် စားရသူ အဖို့တော့ လျာထဲမှာ လွန်စွာနှစ်သက်စေပါလိမ့်မယ်။ ခရီးသွားတဲ့ အခါ ကြာရှည်ခံ အစားအစာတစ်ခု အဖြစ်လည်း သုံးလေ့ ရှိပါတယ်။

ရှေးယခင်ကတည်းက နာမည်ကြော် အစားအသောက် တစ်မျိုးဖြစ်ပြီး ကုန်ကျစရိတ်လည်း သက်သာစေတဲ့ ဟင်းတစ်မျိုးပါ။ ဒါကြောင့် ချဉ်ပေါင်ကြော် တစ်ပွဲကတော့ ထမင်းမြိန်စေရုံ မကဘဲ အသုံးစရိတ်ကိုပါ ချွေတာရာ ရောက်ပါလိမ့်မယ်။

Photo By – blogspot.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top