ကမ္ဘာ့ဈေးကွက်တွင်းသို့ ပိုမိုထိုးဖောက်ရန် စီစဉ်နေကြောင်း Vivo ထုတ်ပြန်ကြေညာ

WeChat-Image_20171020173920.jpg

ကမ္ဘာ့စမတ်ဖုန်း အမှတ်တံဆိပ် တစ်ခုဖြစ်သည့် Vivo သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် သူတို့၏ နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်သည့် X Series ထဲမှ X20 ဖြင့် ဟောင်ကောင်ဈေးကွက်တွင်းသို့ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ခဲ့ပါသည်။

ကုမ္ပဏီအနေဖြင့် ၎င်း၏ ထုတ်ကုန်များကို သိပ်မကြာမီအချိန်အတွင်းမှာပင် ထိုင်ဝမ်၊ စင်ကာပူနှင့် ရုရှားနိုင်ငံများသို့ ယူဆောင်သွားတော့မည်ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ဥရောပဈေးကွက်သို့ ချဉ်းနင်းဝင်ရောက်ခြင်းသာမက လာမည့်နှစ်ဦးပိုင်းတွင် အာဖရိကဈေးကွက်ကိုလည်း တွန်းအားပေးတော့မည် ဖြစ်သည်။

ယင်း တရုတ်စမတ်ဖုန်း အမှတ်တံဆိပ်သည် ပြီးခဲ့သည့်နှစ်အတွင်း၌ တဟုန်ထိုး ကြီးထွားလာခဲ့သည်။ လိုက်လျောညီထွေဖြစ်စေရန် ကြိုးစားအားထုတ်မှုများကြောင့် ယခုအချိန်တွင် တရုတ်ပြည်မကြီးကိုကျော်လွန်ကာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက် ရှယ်ယာ၏ ၄၈% ကို ရယူထားသော မှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့ပါသည်။ အိန္ဒိယ၊ ထိုင်း၊ ဖိလစ်ပိုင်၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ကမ္ဘောဒီးယားနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် အကြီးအကျယ် ရေပန်းစားခဲ့သည့် V7+ နှင့် အောင်မြင်မှုကို တည်ဆောက်နိုင်ခဲ့ပြီးသည်နောက် Vivo သည် ကမ္ဘာတစ်ဝှမ်းမှ ငယ်ရွယ်သူများအတွက် အရည်အသွေးနှင့် နည်းပညာမြင့်မားသည့် ထုတ်ကုန်များကို ဆက်လက် ပေးအပ်သွားရန် ပြင်ဆင်နေပြီ ဖြစ်ပါသည်။

“၂၀၁၄ ခုနှစ်အတွင်းမှာ နိုင်ငံတကာဈေးကွက်ထဲကို စတင်ဝင်ရောက်ခဲ့ချိန်ကစပြီး၊ ကျွန်တော်တို့ဟာ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို နားလည်ဖို့ လေးနက်တဲ့ သုတေသနတွေပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေဟာ သူတို့ရဲ့ ဘဝနေထိုင်မှုအတွက် ဆန်းသစ်လှပမှုတွေ ယူဆောင်ပေးဖို့ပါပဲ” ဟု Vivo ၏ Senior Vice President Alex Feng က ပြောပါသည်။  “ ကျွန်တော်တို့ဟာ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်ကာပူ၊ ရုရှားနဲ့ အာဖရိကစတဲ့နိုင်ငံတွေကို လာမယ့် လတွေမှာ ဝင်ရောက်ဖို့အတွက် စိတ်လှုပ်ရှားနေပါပြီ။ ကျွန်တော်တို့ရဲ့ ဆန်းသစ်ပြီး အရည်အသွေးကောင်းတဲ့ ထုတ်ကုန်နဲ့ဒီဇိုင်းတွေကို သူတို့ရဲ့ စိတ်ထဲကို သယ်ဆောင်သွားမှာပါ။ ကမ္ဘာတစ်ဝှမ်းက ငယ်ရွယ်သူတွေအနေနဲ့ သူတို့ရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေကို အမှန်တကယ်ပဲ ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြသနိုင်စေမယ်လို့ မျှော်လင့်ထားပါတယ် ”

ကမ္ဘာ့မိုလ်ဘိုင်းဖုန်း ကင်မရာ ထုတ်လုပ်မှုနယ်ပယ်တွင် 24MP ဖြင့် ဦးဆောင်၍ Selfie ရိုက်ကူးသူများအတွက် အကောင်းဆုံး၊ အကြည်လင်အပြတ်သားဆုံး ပုံရိပ်ကိုဖမ်းယူပေးနိုင်ကာ FullViewTM Display ပါဝင်သည့် V7+ မှာ အာရှနိုင်ငံအများစုတွင် အောင်မြင်မှု ရရှိခဲ့ပြီးသည့်နောက် Vivo သည် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ V7+ သည် Selfie ကိုဗဟိုပြုထားသော စမတ်ဖုန်းဖြစ်ပြီး၊ မျိုးဆက်သစ်များအား ကိုယ့်ကိုကိုယ် ပေါ်လွင်စွာ ဖော်ထုတ်စေရေးဟူသည့် Vivo ၏ ရည်မှန်းချက်ကို ကိုယ်စားပြုထားခြင်း ဖြစ်ပါသည်။ အဆိုပါ V7+ သည် အသုံးပြုသူများ၏ အမှတ်ရဖွယ်ရာ အခိုက်အတန့်များကို အဓိပ္ပါယ် ပြည့်ဝစွာဖြင့် ဖမ်းယူ မှတ်တမ်းတင်ထားနိုင်စေရန် ပြည့်စုံ ကောင်းမွန်သည့် ကင်မရာသာမက အဆင့်မြင့် နည်းပညာသုံး features များကိုပါ ထည့်သွင်းထားခြင်း ဖြစ်ပါသည်။

Gartner ၏ နောက်ဆုံး သုတေသနအရ ၂၀၁၇ ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးတွင် Vivo သည် ကမ္ဘာ့ စမတ်ဖုန်း ရောင်းချမှုအပိုင်းတွင် ဈေးကွက်ဝေစု ၆.၆% ဖြင့် အဆင့် ၅ အတွင်း ဝင်ရောက်နေပါသည်။ ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းအမှတ်တံဆိပ်သစ်တစ်ခုဖြစ်သည့် Vivo သည် ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ခေတ်သစ် နည်းပညာလောကတွင် ပြီးပြည့်စုံသည့် အသံထွက်အရည်သွေးနှင့် အဆုံးစွန်ကောင်းမွန်သော ဓာတ်ပုံရိုက်ကူးမှု အရည်အသွေးကို အာရုံစိုက်၍ ထုတ်လုပ်နေသည့်ကုမ္ပဏီ ဖြစ်ပါသည်။ Vivo သည် ၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ တရားဝင် စပွန်ဆာလည်းဖြစ်ပြီး ငယ်ရွယ်သူများအတွက် လှပ၍ စွဲမက်ဖွယ်ကောင်းသည့် ဒီဇိုင်းအရည်အသွေးရှိသော ထုတ်ကုန်များကိုထုတ်လုပ်ကာ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာသော ကုမ္ပဏီလည်း ဖြစ်ပါသည်။

Vivo သည် သုံးစွဲသူများအား ရည်ရွယ်ကာ ပြီးပြည့်စုံသည့် တီထွင်ဆန်းသစ်မှုများကို ဖန်တီးပေးနိုင်ရန် အစဉ်တစိုက် ကြိုးစားလျက် ရှိပါသည်။ Vivo သည် စမတ်ဖုန်းများတွင် Hi-Fi audio chips ကို ဦးဆုံးထည့်သွင်းခဲ့သည့် အမှတ်တံဆိပ်လည်း ဖြစ်ပါသည်။ X1 သည် Hi-Fi chip ကိုထည့်သွင်း ထုတ်လုပ်ထားသည့် ပထမဆုံး ထုတ်ကုန် ဖြစ်ပါသည်။ ယနေ့တိုင်လည်း သုံးစွဲသူများအား အကောင်းဆုံးဖြစ်နိုင်သည့် အသံထွက်အရည်အသွေးကို ပေးအပ်နေဆဲ ဖြစ်ပါသည်။

Vivo ၏ ထုတ်ကုန်များမှ ကင်မရာအရည်အသွေးသည် ယှဉ်ပြိုင်မှုတွင် အဓိကကျသော အားသာချက်တစ်ခုလည်း ဖြစ်ပါသည်။ ဓာတ်ပုံဆိုသည်မှာလည်း မိမိကိုယ်ကို အကောင်းဆုံးပုံစံဖြင့် ထုတ်ဖော်ပြသပြီး တခြားသူများနှင့် မျှဝေနိုင်သည့် အရာတစ်ခုဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် ယင်း စမတ်ဖုန်းများကို အသုံးပြုပြီး ပရော်ဖက်ရှင်နယ်အဆင့်အထိ၊ အနုပညာမြောက်သည့် ဓာတ်ပုံရိုက်ကူးမှုကို ရရှိစေဖို့ ရည်ရွယ်ပါသည်။ ဘဝရဲ့ လှပသည့် အခိုက်တန့်လေးပေါင်း များစွာကို ကောင်းမွန်စွာ မှတ်တမ်းတင်ထားစေနိုင်ရန် ရည်ရွယ်သည်ဟု သိရပါသည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top