ဆီးချိုရောဂါအမျိုးအစား (၂) ကနေ အမျိုးအစား (၁) ကို ပြောင်းလဲဖို့ ဖြစ်နိုင်လား

21-9-2002-yyl-019.jpg

ဆီးချိုရောဂါက အရှင်းပျောက်အောင် ကုသလို့မရနိုင်တဲ့ နာတာရှည်ရောဂါတစ်မျိုးပါ။ ဆီးချိုရောဂါရှိတဲ့သူတစ်ယောက်က သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိခြင်းဖြင့် ရောဂါလက္ခဏာကို ထိန်းထားလို့သာရနိုင်ပါတယ်။ ဆီးချိုရောဂါဆေးထိုးဆေးသောက်တာနဲ့ နေထိုင်မှုပုံစံပြောင်းလဲတာက ဆိုးရွားလာမယ့် ရောဂါအခြေအနေကို ထိန်းချုပ်ဖို့နဲ့ ပျော်ရွှင်တဲ့ဘဝမှာ နေထိုင်ဖို့အတွက် အထိရောက်ဆုံးနည်း (၂) မျိုးဖြစ်ပါတယ်။ ဆီးချိုရောဂါကိုက ရှုပ်ထွေးတဲ့ကျန်းမာရေးအခြေအနေဖြစ်ပြီး အခုခေတ်မှာ ဆီးချိုရောဂါကို လူတော်တော်များဖြစ်ကြပေမဲ့ လူတွေ ဇဝေဇဝါဖြစ်နေတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ ဆီးချိုရောဂါ အမျိုးအစား (၂) က အမျိုးအစား (၁) အဖြစ်ပြောင်းလဲသွားနိုင်လားဆိုတာပါပဲ။

အဲဒီမေးခွန်းရဲ့အဖြေကို မသိရသေးခင်မှာ ဆီးချိုရောဂါ အမျိုးအစား (၂) မျိုးလုံးရဲ့ကွာခြားမှုကို သိဖို့ အရေးကြီးပါတယ်။ ဆီးချိုရောဂါ အမျိုးအစား (၁) ရဲ့လက္ခဏာရပ်တွေက ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အမြဲလိုလိုပေါ်လာတတ်ပါတယ်။ အဲဒီအမျိုးအစားက ပန်ကရိယက အင်ဆူလင် မထုတ်ပေးတော့တဲ့အတွက် ခန္ဓာကိုယ်က အင်ဆူလင်ဟော်မုန်းမရတော့တာမျိုးပါ။ ဒီအမျိုးအစားက မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်သလို ပန်ကရိယထဲက ဆဲလ်တွေပျက်စီးမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါ အမျိုးအစား (၂) ကတော့ အရွယ်ရောက်ပြီးသားလူတွေမှာ တွေ့ရတတ်ပြီး အမျိုးအစား (၁) ထက်ပိုပြီး အဖြစ်များကြပါတယ်။ ပန်ကရိယက အင်ဆူလင်ကို ကောင်းကောင်းထုတ်မပေးနိုင်တာ (ဒါမှမဟုတ်) အင်ဆူလင်က ခန္ဓာကိုယ်မှာ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့တာမျိုး ဖြစ်ပါတယ်။ နေထိုင်မှုပုံစံအားနည်းတဲ့သူတွေ၊ အဝလွန်တဲ့သူတွေ ဆီးရောဂါ အမျိုးအစား (၂) ကိုဖြစ်တတ်ပါတယ်။

ဆီးရောဂါအမျိုးအစား (၁) နဲ့ အမျိုးအစား (၂) ရဲ့လက္ခဏာရပ်များ

ဆီးချိုရောဂါအမျိုးအစား (၂) ခုလုံးရဲ့ရောဂါလက္ခဏာရပ်တွေက အနည်းအများတော့ တူညီပါတယ်။ ဆီးရောဂါခံစားနေရတဲ့အခါ လူတစ်ယောက်က

  • ဆီးသွားတဲ့အကြိမ်ရေများတာ
  • အဆက်မပြတ်ရေဆာတာ
  • အလွန်အမင်းဆာလောင်တာ
  • အမြင်အာရုံဝေဝါးတာ
  • ပြတ်ရှ၊ ထိခိုက်ဒဏ်ရာအနာမြန်မြန်မကျက်တာ
  • အကြောင်းမဲ့ပိန်လာတာတွေကို ခံစားရနိုင်ပါတယ်။

စိတ်ခံစားချက်အတတ်အကျဖြစ်တာနဲ့ ပိန်လာတာတွေကလည်း ဆီးချိုရောဂါ အမျိုးအစား (၁) ကို ခံစားနေရတဲ့သူတွေမှာ အများဆုံးတွေ့ရပါတယ်။ အမျိုးအစား (၂) လူနာတွေက သူတို့ရဲ့ခြေလက်တွေမှာ ထုံတာကျင်တာတွေကြုံတွေ့ခံစားရနိုင်ပါတယ်။

အင်ဆူလင်ကို အမြဲအားကိုးရခြင်းအားဖြင့် ဆီးချိုရောဂါ အမျိုးအစား (၂) ကနေ အမျိုးအစား (၁) အဖြစ် ပြောင်းလဲသွားနိုင်လားဆိုပြီး လူတော်တော်များများ စဉ်းစားတတ်ကြပါတယ်။ ဒီအချက်က မဖြစ်နိုင်ပါဘူး။ ဆီးချိုရောဂါအမျိုးအစား (၂) မျိုးလုံးရဲ့လက္ခဏာရပ်တွေက တူကောင်းတူနိုင်ပေမဲ့ သိသိသာသာကွာခြားပါတယ်။ အမျိုးအစား (၁) က ကလေးတွေနဲ့ အရွယ်ရောက်ခါစလူတွေမှာ ဖြစ်ကြတာပါ။ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့်ဖြစ်ရတာပါ။ ဒီအမျိုးအစားဆီးရောဂါကို ခံစားနေရတဲ့သူတွေက အသက်ရှင်ဖို့အတွက် အင်ဆူလင်လိုအပ်ပါတယ်။ အမျိုးအစား (၂) ကတော့ နေထိုင်မှုပုံစံအားနည်းတဲ့အတွက်ကြောင့် ဖြစ်လာရတာပါ။ တစ်နေ့တာနေထိုင်မှုပုံစံမှာ ပြောင်းလဲမှုတချို့ပြုလုပ်ခြင်းအားဖြင့် ရောဂါကို ထိန်းနိုင်ပါတယ်။ အမျိုးအစား (၁) က ကလေးတွေမှာ အဖြစ်များတဲ့အတွက် အမျိုးအစား (၂) လူနာက အမျိုးအစား (၁) အဖြစ်ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

အမျိုးအစား (၁) နဲ့ အမျိုးအစား (၂) တို့က ဆီးချိုရောဂါရဲ့ ပုံစံနှစ်မျိုးဖြစ်ပေမဲ့ အချင်းချင်း အတော်လေးကွာခြားပြီး အချင်းချင်းလဲလှယ်ပစ်လို့လည်း မရပါဘူး။ ရောဂါအမျိုးအစား (၂) မျိုးလုံးကို အရှင်းပျောက်အောင် ကုသလို့မရပေမဲ့လည်း ဆေးမှန်မှန်သောက်တာ၊ ကျန်းမာရေးနဲ့ညီညွှတ်စွာစားသောက်တာ၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်တာ၊ အချိန်မှန်အိပ်တာတွေလို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့နေထိုင်မှု အလေ့အထတွေနဲ့ ရောဂါကိုထိန်းနိုင်ပါတယ်။ ဆီးချိုရောဂါအတွက် ဆေးကုသမှုခံယူဖို့လည်း လိုအပ်တယ်ဆိုတာသတိရပါ။ မကုသဘဲ ဒီအတိုင်းထားမယ်ဆိုရင် ရောဂါအခြေအနေ ပိုဆိုးရွားလာနိုင်ပါတယ်။

Ref: Is it possible for Type 2 diabetes to turn into Type 1?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top