“လူစုလူဝေးမဖြစ်ပေါ်အောင် ခိုင်းစရာရှိရင် ကျွန်တော်တို့ကိုခိုင်းပါဆို”တဲ့ လူရွှင်တော်ပေသီး

မတ်လ (၂၅) ရက်နေ့မှစတင်ကာ Covid-19 ရှောင်ရားနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မည်သည့်မြို့နယ်မဆို မီးဖိုချောင်အတွက်စားနပ်ရိက္ခာအပါအဝင် ကျန်းမာရေးဆိုင်ရာ ဆေးဝါးစတဲ့ပစ္စည်းတွေဝယ်ယူရန် အပြင်ထွက်ဖို့ခက်ခဲသူများအနေနဲ့ ပြည်သူအပေါင်းလူရွှင်တော် ပရဟိတအဖွဲ့ကိုဆက်သွယ်ဝယ်ယူခိုင်းနိုင်ပါတယ်လို့ လူရွှင်တော်ပေသီးက ပြောပါတယ်။

” အဓိကကျွန်တော်ပြောချင်တာက ကျွန်တော်တို့ပြည်သူအပေါင်းလူရွှင်တော်ပရဟိတအသင်းက volunteer team ဖြစ်တဲ့အတွက် ပို့ဆောင်သယ်ယူခ အခကြေးငွေလုံးဝမယူပါဘူး” လို့ သူကဆိုပါတယ်။

ပြည်သူများဝယ်ယူလို့တဲ့ပစ္စည်းတွေကို ပြည်သူအပေါင်းလူရွှင်တော် ပရဟိတအဖွဲ့မှ နိုင်တဲ့ပမာဏဖြစ်ပါက စိုက်ကာဝယ်ခြမ်းပေးပြီး ဝယ်ယူသူလက်ဝယ်ပစ္စည်းရောက်မှသာ ဝယ်ခဲ့တဲ့ဆိုင်ဘောင်ချာပါ ကျသင့်ငွေတန်ဖိုးကိုသာ ပြန်လည်ရှင်းပေးရမှာဖြစ်တယ်လို့ သူကပြောပါတယ်။

ပြည်သူအပေါင်းလူရွှင်တော် ပရဟိတအဖွဲ့ကိုဆက်သွယ်ရန် ဖုန်းနံပါတ်များ-

ဟတ်သီး။ ။09421002235 ပလာတာ။ ။09663302020 မဆလာ။ ။09782500818 အီကြာကွေး။ ။09663723434 ပေသီး။ ။09795544539 ပေါက်မဲ။ ။09698742392 ဖွေးဖွေး။ ။09691740586 ပိုင်ကျော်။ ။09688665220 ဝမ်းဒိုး။ ။09254491705

Camera&Edit- Cherry Team(ရိုးရာလေး) Website: yoyarlay.com Instagram: instagram.com/yoyarlayonline Youtube: youtube.com/yoyarlayonline Hotline: 09-400 000 661 Email: [email protected]

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top