ဗို့အားနည်း အမြန်အားသွင်းနည်းပညာ ဖြစ်သည့် 65W SuperVOOC 2.0 Flash Charging စနစ် ပါဝင်လာသည့် OPPO Reno4 Pro

Reno4-Pro-65W-SuperVOOC-2.0-Photo-1.jpg

စက်တင်ဘာ ၂၁ ၊ ၂၀၂၀၊ ရန်ကုန်၊ မြန်မာ ။ ။ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO မှ နေ့မိုက်ညချော OPPO Reno4 ၏ စွမ်းဆောင်ရည်များကို အဆင့်မြင့်ထားသည့် Upgraded Version ဖြစ်သော OPPO Reno4 Pro ကို စက်တင်ဘာလ (၉) ရက်နေ့တွင် ၆၉၉,၉၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံဈေးကွက်သို့ စတင်မိတ်ဆက်ခဲ့သည်။ OPPO Reno4 Pro တွင် အဆင့်မြင့်နည်းပညာဖြင့် ဖန်တီးပြုလုပ်ထားသော 6.5-inch 3D‌ ဘေးဘောင်မဲ့ ကွေးညွတ်သောမျက်နှာပြင်နှင့် 90Hz Super AMOLED Display တို့ကို တပ်ဆင်ထားပြီး 4000mAh Battery နှင့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ဗို့အားနည်း အမြန်အားသွင်း နည်းပညာ ဖြစ်သည့် 65W SuperVOOC 2.0 Flash Charging လုပ်ဆောင်ချက်ဖြင့် ထောက်ပံ့ ပေးထားသည်။ OPPO Reno4 Pro သည် ဈေးနှုန်းတူ ဖုန်းများထဲတွင် ကမ္ဘာ့အားသွင်းအမြန်ဆုံးစနစ် ပါဝင်သည့် တစ်ခုတည်းသော စမတ်ဖုန်းဖြစ်သည်။

OPPO သည် “Low Voltage, High Current” နည်းပညာကို ချဥ်းကပ်၍ ၂၀၁၄ ခုနှစ်တွင် ၎င်း၏ ပထမဆုံး VOOC အားသွင်းစနစ်ဖြစ်သည့် 5V/4A Flash Charging နည်းပညာကို OPPO Find 7 ဖုန်းနှင့်အတူ စတင်မိတ်ဆက်ခဲ့သည်။ Find 7 ဖုန်းများ၏ ငါးမိနစ်အားသွင်းရုံဖြင့် ၂ နာရီ ဖုန်းပြောနိုင်သော လုပ်ဆောင်ချက်သည် လူအများ၏ စိတ်ဝင်စားမှုကို ရရှိ ခဲ့သည်။ ထိုအချိန်မှစ၍ OPPO သည် Flash Charging Solutions များကို ပိုမိုကောင်းမွန်လာအောင် ဆန်းသစ်တီထွင်လျက် ရှိပြီး စမတ်ဖုန်းလုပ်ငန်းများအကြား Fast Charging နည်းပညာပိုင်းတွင် ဦးဆောင်နေသည်။ ထို့ပြင် OPPO သည် ၂၀၁၆ ခုနှစ်တွင် SuperVOOC နည်းပညာကို Mobile World Congress တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် 50W SuperVOOC Flash Charge နည်းပညာကို Dual-cell Battery Design ဖြင့် Find X Lamborghini Edition ဖုန်းတွင် စတင်မိတ်ဆက်ပေးခဲ့သည်။၂၀၁၉ ခုနှစ်တွင်မှ 65W SuperVOOC 2.0 ကို ငါးမိနစ် အားသွင်း၍ ၂ နာရီ ဂိမ်းဆော့နိုင်သော စွမ်းဆောင်ရည်နှင့်အတူ OPPO Reno Ace တွင် မိတ်ဆက်ပေးခဲ့ပြီး ယခုအခါ OPPO Reno4 Pro တွင် လည်း ထပ်မံ၍ မိတ်ဆက်လာခဲ့သည်။

ယခင် VOOC ၏ အမြန်နှုန်းမှာ ၃၀ မိနစ် အားသွင်းမည်ဆိုပါက ဘက်ထရီ သုည ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ အားပြည့်နိုင်ပြီး အားအပြည့်ဝင်ရန် အချိန် ၁ နာရီခန့်သာ လိုအပ်သည်။ ယခု OPPO Reno4 Pro တွင် ပါဝင်လာသည့် 65W SuperVOOC 2.0 သည် ကမ္ဘာပေါ်တွင် အားသွင်းအမြန်ဆုံးဖြစ်ပြီး ၃၁ မိနစ်သွင်းရုံဖြင့် ဘက်ထရီ ၁၀၀ ရာခိုင်နှုန်းအထိ အားပြည့်နိုင်ကာ ၃၆ မိနစ်တွင် Fully Charged သို့ ရောက်ရှိနိုင်မည်ဖြစ်သည့်အပြင် ၅ မိနစ် အားသွင်းရုံဖြင့် ၄ နာရီကြာ ဗီဒီယိုများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။

VOOC ကို လျှပ်စစ်ပိုမို စီးဝင်နိုင်စေရန် Multiple Circuit Charge စနစ် တပ်ဆင်ထားသည်။ လျှပ်စစ်သည် ကြားထဲတွင် ပြောင်းလဲမှု မရှိဘဲ ဘက်ထရီထဲသို့ တိုက်ရိုက်အားသွင်းသောကြောင့် ပါဝါဆုံးရှုံးမှုများ မရှိသလောက် နည်းပါးကာ အားသွင်းမှုနှုန်းလည်း ပိုမိုမြန်ဆန်စေသည်။ OPPO ၏ 65W SuperVOOC 2.0 တွင် 10V/6.5A ကို တပ်ဆင်ထားပြီ; သီးသန့် တီထွင်ထားသော Series-connected Cell နှစ်ခု နည်းပညာဖြင့် ပြုလုပ်ထား၍ 4000mAh ကို 2000mAh ဘက်ထရီ နှစ်ခုအဖြစ်ခွဲကာ 32.5W ပါဝါဖြင့် တစ်ချိန်တည်းတွင် အားသွင်းပေးသည်။ ထို့ပြင် ဗို့အားကိုလည်း 5V စီခွဲ၍ အားသွင်း ပေးသည့်အတွက် ဗို့အားများလာလျှင် ဖုန်းများတွင် ဖြစ်တတ်သော အပူများခြင်း ပြဿနာများကိုလည်း ဖြေရှင်းပေးမည် ဖြစ်သည်။

လက်ရှိ USB Type C များတွင် ယေဘုယျအားဖြင့် Current ကို 5A သာ ထောက်ပံ့ပေးထားသော်လည်း OPPO မှ 6.5A စီးဆင်းနိုင်စေရန် ပိုမိုကောင်းမွန်၍ အရည်အသွေးမြင့်မားသော Charging Components များဖြင့် ပြုလုပ်ပေး ထားသည်။ ထိုကဲ့သို့ အမြန်အားသွင်းရာတွင် ပိုမိုလုံခြုံစိတ်ချမှုရရှိစေရန် VOOC ဗို့အားနည်း အမြန်အားသွင်းစနစ်ကို Protection Layer ငါးလွှာဖြင့် ဖန်တီးထားပြီး အားသွင်းသည့် Adapter, Cable, ဖုန်း နှင့် ဘက်ထရီတို့၏ Node တိုင်းတွင် ကိုယ်ပိုင် Protection Chipset ကိုယ်စီဖြင့် ပြုလုပ်ပေးထားသည်။ ထို Chipset များမှ ဗို့အားနှင့် လျှပ်စီးကြောင်းများ မှန်ကန်စိတ်ချရသော ပမာဏအတွင်း ရှိ မရှိကို စောင့်ကြည့်စစ်ဆေးပေးနေမည်ဖြစ်ပြီး Node တစ်ခုခုတွင် မူမမှန်သည်ကို တွေ့သည်နှင့် တစ်ပြိုင်နက် လျှပ်စီးကို ဖြတ်တောက်လိုက်မည်ဖြစ်သည်။ ထို့ပြင် OPPO ၏ Super VOOC Flash Charging နည်းပညာသည် TÜV Rheinland မှ ပေးအပ်ထားသော Safe Fast-Charge System အသိအမှတ်ပြု လက်မှတ်လည်း ရရှိပြီးဖြစ်သည်။

OPPO သည် VOOC Flash Charge စနစ်ကို အကြိမ်ပေါင်းများစွာ အဆက်မပြတ် စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး ယခုအခါတွင် သုံးစွဲသူ ၁၅၇ သန်းကျော်မှ အဆင်ပြေ၍ ယုံကြည်စိတ်ချရသော Fast Charge နည်းပညာအဖြစ် ထောက်ခံ အားပေး နှစ်သက်နေကြသည်။ သို့သော် OPPO သည် ၎င်း၏ ရည်မှန်းချက်ကို 65W Super VOOC 2.0 နှင့် ရပ်တန့်သွားမည် မဟုတ်ဘဲ ပိုမိုကောင်းမွန်သာလွန်၍ အဆုံးမရှိသော အခွင့်အလမ်းကောင်းများတွက် ကြိုးစားသွားမည်ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top