ခရီးသည်ကျန်ခဲ့တဲ့ ဘတ် ၁ သိန်းနီးပါးကို ပြန်ပေးခဲ့တဲ့ ထိုင်းနိုင်ငံမှ အငှားယာဉ်မောင်း

5.9.2024-yyl-4.jpg

သူ့ကားပေါ်မှာ အစ္စရေးခရီးသည်တစ်ဦး ကျန်ခဲ့တဲ့ ဘတ် ၁ သိန်းနီးပါးကို ပြန်ပေးခဲ့တဲ့ ထိုင်းနိုင်ငံမှ အငှားယာဉ်မောင်းတစ်ဦးရဲ့ ရိုးသားမှုအကြောင်း လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ အစ္စရေးခရီးသည် အဗီနွန်ဟာ သြဂုတ်လ ၃၁ ရက် ညပိုင်းမှာ ဝီရတ်ရဲ့ တက္ကစီကို ငှားစီးခဲ့ပြီး စာရွက်စာတမ်းတွေနဲ့ ဘတ်ငွေ ၇၅၁၀၀ ပါဝင်တဲ့ လက်ဆွဲအိတ် ကျန်နေခဲ့တာပါ။

လက်ဆွဲအိတ် ကျန်နေတာကို သိသွားပြီးနောက်မှာ အငှားယာဉ်မောင်း ဝီရတ်က ထိုင်းနိုင်ငံရဲ့ လူသိအများဆုံး ရေဒီယိုလိုင်းတစ်ခုဖြစ်တဲ့ FM91 ထံ သွားရောက်အပ်နှံခဲ့ပါတယ်။ FM91 လက်ဆွဲအိတ် ကောက်ရထားကြောင်း ထုတ်လွှင့်ပေးခဲ့ပြီး လက်ဆွဲအိတ်ပိုင်ရှင်ဖြစ်တဲ့ အဗီနွန်ထံ ပြန်လည်အပ်နှံပေးခဲ့တာပါ။ စက်တင်ဘာလ ၁ ရက်နေ့မှာတော့ အဗီနွန်ထံ လက်ဆွဲအိတ် အပ်နှံပွဲ ကျင်းပခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် အဗီနွန်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ မှစတင်ပြီး ထိုင်းနိုင်ငံကို အလုပ်ကိစ္စနဲ့ရော အပန်းဖြေခရီးစဉ်အဖြစ်ပါ မကြာခဏ လာရောက်လည်ပတ်ခဲ့သူ ဖြစ်ပါတယ်။ အငှားယာဉ်မောင်း ဝီရတ်ရဲ့ ရိုးသားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ အဗီနွန်က ဂုဏ်ပြုငွေ ဘတ် ၆၈၀၀ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

Ref: Israeli tourist rewards taxi driver who returns nearly 100,000 baht, desires to retire here
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top