နှလုံးစက်တပ်ပြီး ရက် ၁၀၀ တိုင် ရှင်သန်နေထိုင်ခဲ့သူ

heart.jpg

သြစတြေးလျနိုင်ငံမှ အမျိုးသားတစ်ဦးဟာ နှလုံးအလှူရှင် မတွေ့ခင်စပ်ကြား ရက် ၁၀၀ ကာလအတွင်း နှလုံးစက်တပ်ပြီး ရှင်သန်နေထိုင်နိုင်ခဲ့ပါတယ်။ ဒါဟာ နှလုံးစက်တပ်ပြီး အချိန်အကြာဆုံး ရှင်သန်နေထိုင်ခဲ့ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၅ လက နှလုံးအလုပ်လုပ်မှု ရပ်တန့်သွားတဲ့ အဲဒီအမျိုးသားကို BiVACOR Total Artificial Heart (TAH) တပ်ဆင်ပေးခဲ့တာပါ။ TAH နှလုံးစက်မှာ သွေးညှစ်စက်၊ အဆို့ရှင်နဲ့ အခြားလှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေ မပါပါဘူး။ သံလိုက်ပင့်မအားကို အသုံးပြုထားတဲ့ မော်တာကနေ ခန္ဓာကိုယ်အနှံ့ သွေးစီးအောင် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကြောင့် နှလုံးအလုပ်လုပ်မှု ရပ်တန့်သွားသူတွေအနေနဲ့ နှလုံးအလှူရှင်မတွေ့ခင်ကာလအတွင်း နှလုံးစက်ထည့်သွင်းကာ ရှင်သန်နေထိုင်နိုင်မယ့် မျှော်လင့်ချက် ပိုမိုအားကောင်းလာခဲ့ပါပြီ။ နောက်ဆုံးမှာတော့ သြစတြေးလျအမျိုးသားဟာ နှလုံးအလှူရှင်တွေ့ရှိခဲ့ပြီး အစားထိုး ခွဲစိတ်ကုသမှုလည်း အောင်မြင်ခဲ့ပါတယ်။

Ref: Man Lives for 100 Days with Artificial Titanium Heart in Successful New Trial

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top