OPPO A3 ကို မြန်မာနိုင်ငံဈေးကွက်မှာ စတင်မိတ်ဆက်

14.10.2024-yyl-2.jpg

OPPO A3 ဖုန်းဟာ ဈေးနှုန်းတူ စမတ်ဖုန်းတွေအကြား အမာကြောဆုံး ဖုန်းတစ်လုံးဖြစ်လာမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က နောက်ဆုံးပေါ် A Series စမတ်ဖုန်း အမှတ်တံဆိပ်တွေထဲကမှ “အကြမ်းပတမ်းသုံး OPPO A3 ဖုန်း”ဆိုတဲ့ ဆောင်ပုဒ်နဲ့ OPPO A3 ကို မြန်မာနိုင်ငံဈေးကွက်ထဲသို့ စတင်မိတ်ဆက်လိုက်ပါတယ်။ အခု ထွက်ရှိလာတဲ့ OPPO A3 ဟာ ဘက်စုံသုံးနိုင်ရုံ သာမက နေ့စဉ်ခံနိုင်ရည်နဲ့ တာရှည်ခံမှုအတွက် ဒီဇိုင်းထုတ် ဖန်တီးထားပြီး Military-Grade Shock Resistance နဲ့ Multiple Liquid Resistance ပါရှိတဲ့အပြင် ပျက်စီးမှုဒဏ်ခံနိုင်တဲ့ ကိုယ်ထည်၊ ၊ 45W SUPERVOOC Flash Charge နဲ့ ကြာရှည်ခံနိုင်ပြီး ကြီးမားတဲ့ 5,100mAh ဘက်ထရီ တို့ ပါဝင်လာတာကြောင့် အသုံးပြုသူတွေအတွက် ထူးခြားတဲ့ အတွေ့အကြုံတွေကို ခံစားတွေ့ကြုံနိုင်မှာဖြစ်ပါတယ်။ OPPO A3 ကို အောက်တိုဘာ ၁၂ ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့အထိ ၆၉၉,၉၀၀ ကျပ်ဖြင့် စတင်ရောင်းချသွားမှာဖြစ်ပြီး ဝယ်ယူသူများအားလုံးဟာ လက်ဆောင်အနေနဲ့ ilike ဘေးတစ်စောင်းအိတ်တစ်လုံး ရရှိဦးမဲ့အပြင် နိုဝင်ဘာ ၃၀ ရက်နေ့အထိ ဝယ်ယူသူများအနေနဲ့ 4-Year Battery Protection Plan ကိုပါ ထပ်မံရရှိဦးမှာ ဖြစ်ပါတယ်။

OPPO A3 မှာ ပါရှိလာတဲ့ ထိပ်တန်း Flagship Technology နဲ့ ဖန်တီးထားတဲ့ BeaconLink
အကြမ်းခံပြီး မာကြောတယ်လို့ နာမည်ကြီးတဲ့ OPPO A Series တွေအတွက် OPPO က ထိပ်တန်း Flagship Technology ကို ယခု OPPO A3 မှာ စတင်ထည့်သွင်းပေးလာပြီဖြစ်ပါတယ်။ OPPO A3 ဟာ ဆက်သွယ်ရေးဆိုင်ရာ အခက်အခဲတွေမှ ကင်းဝေးစေနိုင်ဖို့ ရည်ရွယ်ချက်နဲ့အတူ BeaconLink လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပြီး BeaconLink လုပ်ဆောင်ချက်ဟာ ၁၅၀ မီတာ အကွာအဝေးထိတောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ခြေလှမ်းအားဖြင့် ဖော်ပြရရင် ခြေလှမ်းပေါင်း ၁၉၆ လှမ်းအကွာအဝေးကို ဆက်သွယ်ပြောဆိုနိုင်မှာဖြစ်ပါတယ်။ ဒါဟာ OPPO က ပထမဦးဆုံး ပြုလုပ်လာတဲ့ ထိပ်တန်း Flagship Technology နည်းပညာ နဲ့ ဖန်တီးထားတဲ့ ဆက်သွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက် ဖြစ်ပါတယ်။

ဘက်စုံ ယုံကြည်စိတ်ချရမှုအတွက် လက်တွေ့ကျပြီး အကြမ်းခံတဲ့ ဒီဇိုင်း
နေ့စဥ်သုံးအတွက် ယုံကြည်စိတ်ချသေချာရအောင် အမြင့်ဆုံးစံနှုန်းနဲ့အတူ တည်ဆောက်ပုံဖော်ထားတဲ့ OPPO A3 ဟာ ဖုန်းကို နေ့စဥ်ပြုတ်ကျခြင်းတွေနဲ့ ထိခိုက်မှုဖြစ်စဉ်တွေက ကာကွယ်ရန် ဖန်သားပြင်နှစ်ထပ်အပါအဝင် အဆင့်မြင့်ပစ္စည်းများနဲ့ ဖွဲ့စည်းထားတဲ့ ကိုယ်ထည်ကို အဓိက အားဖြည့်ထည့်သွင်းထားတာဖြစ်ပါတယ်။ OPPO A3 ရဲ့ အလွန်ကောင်းမွန်တဲ့ ကြာရှည်ခံမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ Military-Grade Shock Resistance အတွက် MIL-STD 810H Certification နဲ့ SGS Premium Certification တို့ကို ရရှိထားပြီး ဈေးနှုန်းတန်တဲ့ စမတ်ဖုန်းတွေအကြား အမာကြောဆုံးဖုန်းဖြစ်လာဖို့အတွက် ဒီလိုစမ်းသပ်အောင်မြင်မှုတွေက ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

ဒါအပြင် OPPO A3 ဟာ Multi Liquid Resistance ပါဝင်မှုကြောင့် ကော်ဖီ၊ နို့လက်ဖက်ရည်၊ စွပ်ပြုတ်နှင့် ဂျုံယာဂုကဲ့သို့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖိတ်စဉ်တာတွေကနေ တစ်ဆင့် ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်သာမက Splash Touch လုပ်ဆောင်ချက်နဲ့အတူ မျက်နှာပြင်စိုစွတ်နေချိန်မှာတောင် ထိထိရောက်ရောက် တိတိကျကျ တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ပေးထားတာကြောင့် သုံးစွဲသူတွေအနေနဲ့ မိုးဖွဲဖွဲရွာနေချိန် အပြင်ဘက်မှာပဲဖြစ်ဖြစ် ရေကူးကန်က ထွက်ပြီးအချိန် မှာပဲဖြစ်ဖြစ် သို့မဟုတ် အခြားနေ့စဥ်အခြေအနေများမှာလဲ စိုစွတ်နေတဲ့ လက်နဲ့အတူ ဖုန်းကို ဆက်လက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

OPPO A3 ကို Starry Purple နဲ့ Sparkle Black ဆိုတဲ့ အရောင်နှစ်မျိုးဖြင့်ရရှိနိုင်မှာ ဖြစ်ပါတယ်။ Sparkle Black အရောင်ကို OPPO Glow နည်းပညာနဲ့အတူ တောက်ပတဲ့ အသွင်ပုံစံ ဖန်တီးထားပြီး လက်ဗွေရာတွေနဲ့ အညစ်အကြေးတွေပေကျံခြင်းကနေ လွတ်ကင်းစေဖို့ ပုံဖော်ထားတာဖြစ်သလို Starry Purple အရောင်မှာတော့ တောက်ပတဲ့ Glossy Panel နဲ့အတူ အသေးစိတ်ပုံဖော်ထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။


ပိုမိုကြာရှည်ခံတဲ့ ဘက်ထရီ သက်တမ်းနဲ့အတူ ပိုမို ကောင်းမွန်တဲ့ အားသွင်းမှု နဲ့ လုပ်ဆောင်ချက်များ

OPPO A3 မှာဆိုရင် 45W SUPERVOOC Flash Charge ရရှိနိုင်ခြင်းကြောင့် ၃၀ မိနစ်အတွင်း ဘက်ထရီအား ၅၀ ရာခိုင်နှုန်းအထိ သွင်းနိုင်ပြီး ၇၅ မိနစ်အတွင်း ဘက်ထရီအား ၁၀၀ ရာခိုင်နှုန်းအထိ ပြန်လည်သွင်းယူနိုင်ကာ ပိုမိုကောင်းမွန်တဲ့ အားသွင်းနိုင်စွမ်းကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Smart Charging မှ တစ်ဆင့် သုံးစွဲသူတစ်ဦးချင်းစီရဲ့ သီးခြားအားသွင်းမှုအလေ့အကျင့်များနဲ့အညီ သေချာပိုင်းခြားပေးကာ ဘက်ထရီကိုလဲ အလိုအလျောက် အားသွင်းနိုင်စေမဲ့အပြင် ဘက်ထရီသက်တမ်းကိုလဲ ကြာရှည်စွာ အသုံးပြုနိုင်ရုံသာမက ပိုမိုဘေးကင်းတဲ့ အားသွင်းမှု အတွေ့အကြုံကိုပါ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

OPPO A3 မှာ ကြီးမားတဲ့ 5,100 mAh ဘက်ထရီကို တပ်ဆင်ထားပြီး သုံးစွဲသူတွေ နေ့စဉ်အလုပ်နှင့် ဂိမ်းကစားမှုတွေမှာ အဆင်ပြေစေဖို့အတွက် ဘက်ထရီသက်တမ်းကိုလဲ တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ ဒါတင်သာမက ဘက်ထရီအားသွင်းမှု စက်ဝန်းကို အကြိမ် ၁၆၀၀ အထိကြာအောင် အသုံးပြုပြီးနောက်မှာတောင် ဘက်ထရီကို ၈၀ ရာခိုင်နှုန်းအကျော်မှာ ဆက်လက်လည်ပတ်နေနိုင်ဖို့ တည်ဆောက်ထားပြီး ပျမ်းမျှအသုံးပြုမှုအတွက်ဆိုရင် ဘက်ထရီအခြေအနေကို လေးနှစ်ကျော်အထိ အကောင်းဆုံး အာမခံနိုင်ပါတယ်။

“အကြမ်းပတမ်းသုံး OPPO A3 ဖုန်း” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ဈေးနှုန်းတူ ဖုန်းများအကြား အမာကျောဆုံး လို့ ဆိုရလောက်မဲ့ OPPO A3 ကို အောက်တိုဘာ ၁၂ ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့အထိ ၆၉၉,၉၀၀ ကျပ်ဖြင့် စတင်ရောင်းချမှာဖြစ်ပြီး ဝယ်ယူသူတွေအနေနဲ့ ilike ဘေးတစ်စောင်းအိတ်ကို လက်ဆောင်ရရှိမဲ့အပြင် နိုဝင်ဘာ ၃၀ ရက်နေ့အထိ ဝယ်ယူသူများအနေနဲ့ 4-Year Battery Protection Plan ကိုပါ ထပ်မံရရှိဦးမှာ ဖြစ်ပါတယ်။ ဈေးနှုန်းတူတဲ့ စမတ်ဖုန်းတွေအကြား အမာကြောဆုံးလို့ ဆိုရလောက်မဲ့ “အကြမ်းပတမ်းသုံး OPPO A3 ဖုန်း” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ထွက်ရှိလာတဲ့ OPPO A3 နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက OPPO Myanmar Official Facebook Page – https://bit.ly/3U5s4E2 ၊ Website – https://bit.ly/3XXgwUy ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

OPPOA3 #အကြမ်းပတမ်းသုံးA3ဖုန်း

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top