Samsung ရဲ့နည်းပညာမြှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းသစ်တွေကို မိတ်ဆက်ပြသ

2019-SEAO-Forum-5-1-e1553848813547.jpg

Samsung Electronics ကုမ္ပဏီအနေနဲ့ ၎င်းတို့ရဲ့ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုတွေနဲ့ အင်တာနက်နဲ့ချိတ်ဆက်လုပ်ဆောင်နိုင်မှုတွေ(Internet of Things) အတွက် ၎င်းတို့ရဲ့ မျှော်မှန်းချက်နဲ့ နည်းဗျူဟာတွေကို ၂၀၁၉ခုနှစ် မတ်လ (၂၉) ရက်နေ့ စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ Samsung Southeast Asia and Oceania Forumမှာ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

အဲဒီအခမ်းအနားကို Samsungရဲ့(၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်တာဖြစ်ပြီး အခုပြုလုပ်တဲ့ Samsung ဖိုရမ်တွင် ကုမ္ပဏီရဲ့ စီးပွားရေးနည်းဗျူဟာတွေကို ၎င်းရဲ့အဓိကမိတ်ဖက်တွေကို မျှဝေသွားခဲ့ပါတယ်။ အဲဒီ ဖိုရမ်တွင် Samsung ရဲ့နည်းပညာမြင့်ကုန်ပစ္စည်းအသစ်တွေဖြစ်တဲ့ ၂၀၁၉ ခုနှစ်ထုတ် QLED TV တွေ၊Frame တီဗွီ၊ Family Hub ရေခဲသေတ္တာ၊ QuickDrive™ လို့ခေါ်တဲ့နည်းပညာ အဆင့်မြှင့်ထားတဲ့ အဝတ်လျှော်စက် အပါအဝင် နေ့စဉ်ဘဝမှာ အသုံးပြုလို့ အဆင်ပြေအောင် ပြုလုပ်ထားတဲ့ တီဗွီတွေကို မိတ်ဆက်ပြသပေးခဲ့ပါတယ်။ Samsungက New Bixby ဟုခေါ်တေဲ့ Samsungရဲ့အသိဉာဏ်မြင့်မားကာ စွမ်းဆောင်ရည်မြင့်တဲ့ နည်းစနစ်ကို အခြေခံထားတဲ့ အခြားပစ္စည်းတွေနဲ့ ချိတ်ဆက်နိုင်မှုစွမ်းရည်တွေကိုလည်း ပြသသွားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း နည်းပညာမြင့် QLED TV တွေထုတ်လုပ်ကာ သုံးစွဲသူဈေးကွက်ကို ချဲ့ထွင်ခြင်း

တီဗွီထုတ်လုပ်မှုနယ်ပယ်တွင် (၁၃) နှစ်တိတိ ဈေးကွက်ဦးဆောင်သူအဖြစ် ရပ်တည်နေတဲ့ Samsung က ၂၀၁၉ ခုနှစ်အတွင်း ဈေးကွက်ပေါင်း (၆၀) ကျော်တွင်ရရှိနိုင်မယ့် QLED တီဗီတွေကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ကုမ္ပဏီအနေနဲ့ အဆင့်မြင့်တီဗီဈေးကွက်တွင် ခိုင်မာတဲ့လွှမ်းမိုးနိုင်မှုကို ရေရှည်တည်တံ့စေရန်အတွက် 8 K တီဗီဈေးကွက်ပိုင်ဆိုင်မှုကို ဆက်လက်မြှင့်တင်သွားမယ်လို့်လည်း သိရပါတယ်။

၂၀၁၉ ခုနှစ်တွင် အဓိကထုတ်လုပ်လိုက်တဲ့ QLED တီဗီအမျိုးအစားတွေက 8Kနဲ့ 4K တီဗီအမျိုးအစားတွေဖြစ်ပါတယ်။ အဲဒီတီဗီတွေမှာ (၆၅) လက်မ မှ (၉၈) လက်မအထိရှိတဲ့ 8 K Q900R အမျိုးအစားအပါအဝင်၊ 4 K Q90R ၊ Q80R၊ Q70R နှင့် (၄၃) လက်မ မှ (၈၂) လက်မ အရွယ်အစားအထိ ရှိတဲ့ Q60R တီဗီအမျိုးအစားတွေပါဝင်ပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်မှာ ချဲ့ထွင်ထုတ်လုပ်တဲ့ QLED တီဗီတွေမှာ အရွယ်အစား ကြီးမားတဲ့ တီဗီအမျိုးအစားတွေအပါအဝင် မော်ဒယ် အသစ် (၂၀) ကျော်ပါဝင်မှာဖြစ်ပါတယ်။

ရွေးချယ်စရာပိုမိုများပြားတဲ့ ဖျော်ဖြေမှုဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့အတူ စွမ်းဆောင်ရည်မြင့်အကန့်သတ်မဲ့ ချိတ်ဆက်မှု နည်းစနစ်တွေကို ပေးစွမ်းနိုင်ရန် Samsung smart တီဗီတွေမှာ iTunes ရုပ်ရှင်အသစ်တွေ၊ တီဗီအစီအစဉ် အက်ပလီကေးရှင်း၊ Apple Airplay 2 တွေကိုပါ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်၂၀၁၉ ခုနှစ်မှာ Amazon Alexa ၊ Google Assistant တွေ ပါဝင်တဲ့ Samsung smart တီဗီတွေမှာလည်း အသုံးပြုသူတွေအနေနဲ့ အသံအမိန့်ပေးခြင်းစနစ်ဖြင့် တီဗီအဖွင့်အပိတ်အပြင် အသံအတိုးအချဲ့ ထိန်းချုပ်ပြုလုပ်နိုင်တဲ့ လုပ်ဆောင်မှုတွေကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီဖိုရမ်မှာ ဈေးကွက်အတွင်းဦးဆောင်နေတဲ့ Samsungရဲ့ တီဗွီတွေဖြစ်တဲ့ ထူးခြားကွဲပြားတဲ့ ဒီဇိုင်းပုံစံတွေနဲ့ ရုပ်ထွက်ပိုမိုကောင်းမွန်တဲ့ The Frame နှင့် The Wall တီဗီတွေကိုလည်း ခင်းကျင်းပြသခဲ့ပါတယ်။

အိမ်တွင်းအခြား ပစ္စည်းတွေနဲ့ ရိုးရှင်းစွာ ချိတ်ဆက်နိုင်မှု

Samsung ဖိုရမ် ၂၀၁၉မှာ ပြသခဲ့တဲ့ ချိတ်ဆက်မှုစနစ်ကို အသုံးပြုထားတဲ့ ထုတ်ကုန်ပစ္စည်းသစ်တွေဖြစ်တဲ့ Samsung အသုံးပြုသူတွေအတွက် ပိုမိုရိုးရှင်းပြီး လွယ်ကူတဲ့ နေထိုင်မှုဘဝတွေ ဖော်ဆောင်ရန်ဆိုတဲ့အတိုင်း မိတ်ဆက်ပြသပေးခဲ့ပါတယ်။ ‘New Bixby’ စနစ်ကို အခြေခံပြီး ပြုလုပ်ထားတဲ့ ကုန်ပစ္စည်းတွေမှာ QLED 8K နှငနဲ့ Family Hub 4.0 တီဗီ အသစ်တွေ ပါဝင်ပြီး ချိတ်ဆက်မှု စနစ်သစ်တွေနဲ့ သုံးစွဲမှု့အတွေ့အကြုံကို ဖိုရမ်သို့တက်ရောက်လာသူတွေ အားလုံး လက်တွေ့မြင်တွေ့ခံစားနိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ ထပ်မံထုတ်လုပ်ခဲ့တဲ့ Family Hub ရေခဲသေတ္တာက CES Best of Innovation Award ကို လေးနှစ်ဆက်တိုက်ရရှိခဲ့ပြီး အသံအမိန့်ပေးခြင်း စွမ်းဆောင်ရည်တွင် ရှုပ်ထွေးခက်ခဲတဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုလုပ်ဆောင်နိုင်မှာဖြစ်ပြီး မိသားစုဝင်များအချင်းချင်း ဆက်သွယ်မှုတွေကို ပိုမိုကောင်းမွန်စွာ ပြုလုပ်နိုင်သလို အခြားသော ပစ္စည်းတွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Samsungက ၎င်းရဲ့နည်းပညာသစ်ဖြင့် ပြုလုပ်ထုတ်လုပ်ထားပြီး သုံးစွဲသူတွေအတွက် အဝတ်လျှော်ရန် အချိန်ကုန်ကျမှုကို သက်သာစေမဲ့ QuickDrive™ခေါ် အဝတ်လျှော်စက်ကိုလည်း ဖိုရမ်တွင် ခင်းကျင်း ပြသသွားခဲ့တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top