ရွှေပြည်သာနဲ့ မြောက်ဥက္ကလာပမြို့နယ်က ပြည်သူတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးဖို့ ကုလသမဂ္ဂစီစဉ်နေ

158920844_177904257476673_9200979972922370886_n.jpg

ရန်ကုန်၊ အောက်တိုဘာ (၁၉)

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ နေထိုင်တဲ့ ပြည်သူတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် (WFP) က သိရပါတယ်။

“WFP ရဲ့ အဓိကစိန်ခေါ်မှုတွေက အကူအညီလိုအပ်နေသူတွေဆီကို အချိန်မီသွားရောက် ကူညီထောက်ပံ့ခွင့်ရရှိဖို့နဲ့ ပေးအပ်နေတဲ့ အထောက်အပံ့တွေကို ရပ်တန့်မသွားရအောင် လုံလောက်တဲ့ အရင်းအမြစ်တွေ ရရှိဖို့ပါဝင်တယ်” လို့ ပြောပါတယ်။

ဒလမြို့နယ်က အထိခိုက်လွယ်ဆုံးနဲ့ နွမ်းပါးသူ (၁၅၀၀၀၀) ဦးကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာလက ကယ်ဆယ်ရေး စားနပ်ရိက္ခာထောက်ပံ့တွေကို WFP က ဖြန့်ဝေပေးခဲ့ပါသေးတယ်။

ကချင်၊ ချင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေက ပဋိပက္ခဒဏ်ခံစားနေရသူ လူဦးရေ စုစုပေါင်း (၃၆၀၀၀၀) ဦးကိုလည်း လစဉ် စားနပ်ရိက္ခာတွေကို အထောက်အပံ့ပေးနေတာ ဖြစ်ပါတယ်။

ချင်း၊ ကယား၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ပဋိပက္ခတွေကြောင့် စားဝတ်နေရေးထိခိုက်ခဲ့ရပြီး နေရပ်စွန့်ခွာခဲ့ရသူ ထောင်ပေါင်းများစွာကိုလည်း WFP က ကူညီထောက်ပေးနိုင်ဖို့အတွက် အရေးပေါ်ကြိုးစားဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Photo- Social Media
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top