Samsung Galaxy A16 ကို မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ ပိုမိုသက်သာတဲ့ဈေးနှုန်းနဲ့ စတင်ဝယ်ယူနိုင်ပြီဖြစ်ပြီး အထူးသီးသန့် Exclusive လက်ဆောင်ဖြစ်တဲ့ Galaxy A16 x SISBURMA Limited Edition Tee အပြင် အထူးအခွင့်အရေးနဲ့ လက်ဆောင်များရရှိနိုင်ပြီဖြစ်
Samsung Myanmar ရဲ့ အသစ်ထွက်ရှိလာတဲ့ Galaxy A16 စမတ်ဖုန်းကို အသက်သာဆုံးဈေးနှုန်းနဲ့အတူ မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ ဝယ်ယူရရှိနေနိုင်ပြီ ဖြစ်ပါတယ်။ Galaxy A16 စမတ်ဖုန်းစီးရီးမှာ လိုင်းဆွဲအားကောင်းမွန်တဲ့ Galaxy A16 5G နဲ့ Galaxy A16 ဆိုပြီးထွက်ရှိလာတာဖြစ်ပြီး လူငယ်ဆန်တဲ့ အရောင်နဲ့ ဒီဇိုင်း၊ စိုပြည်တောက်ပတဲ့ Super AMOLED Display၊ Awesome ဖြစ်တဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ အထူးသက်သာတဲ့ဈေးနှုန်းကြောင့် Samsung ချစ်သူများအကြား Sweet 16 ဆိုပြီး ရေပန်းစားလျက်ရှိနေပါတယ်။ ဒါ့အပြင် Galaxy A16 ကို ဝယ်ယူအားပေးသူတိုင်းအတွက် Samsung Myanmar နဲ့ မြန်မာလူငယ်များ အကြိုက် ပြည်တွင်းထုတ်ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ SISBURMA တို့ အထူးသီးသန့်ပူးပေါင်းထုတ်လုပ်ထားတဲ့ Galaxy A16 x SISBURMA Limited Edition Tee ကို အထူးသီးသန့်လက်ဆောင်အနေနဲ့ အရေအတွက်လက်ကျန်ရှိတဲ့အထိ ပေးသွားဦးမှာဖြစ်ပါတယ်။
Galaxy A16 စမတ်ဖုန်းစီးရီးကို ပါးလွှာပြီး သက်တောင့်သက်သာဖြစ်စေနိုင်မယ့် ဘေးဘောင်ဒီဇိုင်း၊ Infinity-U မျက်နှာပြင်၊ ပိုမိုပါးလွှာကျစ်လစ်လာပြီး ပရီမီယန်ဆန်တဲ့ ကင်မရာ ဒီဇိုင်းတို့နဲ့ တည်ဆောက်ထားပါတယ်။ မျက်နှာပြင် အကျယ် ၆.၇ လက်မ ရှိပြီး FHD+ နဲ့ Super AMOLED Display ကို တပ်ဆင်ပေးထားတာဖြစ်တဲ့အတွက် ကြည်လင်တောက်ပတဲ့ ပုံရိပ်တွေကို ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်မှာ စိတ်တိုင်းကျ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး 90Hz Refresh Rate ကြောင့် ပိုမိုမြန်ဆန်တဲ့ သုံးစွဲမှု အတွေ့အကြုံများကို ပေးစွမ်းနိုင်ဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် IP54 စနစ်လည်းပါဝင်တာကြောင့် ရေမှုန်ရေမွှားနှင့်ဖုန်ဒဏ်တို့ကို စိုးရိမ်စရာမလိုပဲ သုံးစွဲနိုင်မှာဖြစ်ပါတယ်။
အမိုက်စား Awesome ဖြစ်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုများရိုက်ကူးနိုင်ရန်အတွက် 50MP Main ကင်မရာ၊ 5MP Ultra-Wide ကင်မရာနဲ့ 2MP Macro ကင်မရာတို့နဲ့အတူ Studio Grade Self Portrait တွေကိုပါ ဖန်တီးပေးနိုင်တဲ့ 13MP Selfie ကင်မရာကို ထည့်သွင်းပေးထားတာကြောင့် ကြည်လင်တဲ့ပုံရိပ်တွေနဲ့ ပိုမိုကျယ်ပြန့်တဲ့ မြင်ကွင်းတွေကိုသာမက အသေးဆုံးအရာများအထိ ဝေဝါးမှုအနည်းဆုံးနဲ့ ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Edit Suggestion ကနေ တဆင့်လည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံများကိုလည်း အကောင်းဆုံး ဓာတ်ပုံများဖြစ်အောင် လွယ်ကူလျင်မြန်စွာ ဖန်တီးပြင်ဆင်နိုင်စေဦးမှာပါ။
Galaxy A16 မှာဆိုရင် စွမ်းဆောင်ရည်ကောင်းမွန်တဲ့ မြန်နှုန်းမြင့် MediaTek ရဲ့ Helio G99 ကိုသုံးပေးထားတာဖြစ်တဲ့အတွက် လုပ်ဆောင်ချက်တိုင်းမှာ အထစ်အငေါ့မရှိ သွက်လက်မြန်ဆန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီအပိုင်းမှာဆိုရင်လည်း စွမ်းဆောင်ရည်အမြင့်ဆုံး Flagship စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ 5,000mAh အထိ ထည့်သွင်းပေးထားတာကြောင့် ဂိမ်းကစားခြင်း၊ ဆိုရှယ်မီဒီယာ အသုံးပြုခြင်းတို့ကို အချိန်ကြာရှည်စွာ အသုံးပြုနိုင်မယ့်အပြင် 25W Fast Charging ကြောင့် ပြန်လည် အားသွင်းရာမှာလည်း မြန်ဆန်စေဦးမှာပါ။
Galaxy A16 စီးရီးမှာ သုံးစွဲသူတွေ စိတ်ချစွာသုံးစွဲနိုင်ရန်အတွက် စိတ်အချရဆုံး လုံခြုံရေးစနစ် ဖြစ်တဲ့ Samsung Knox Vault ကိုလည်း ထည့်သွင်းပေးလာပြီဖြစ်ပါတယ်။ Samsung Knox Vault က စမတ်ဖုန်းရဲ့ Software ပိုင်း နဲ့ Hardware ပိုင်း ၂ မျိုးလုံးကို ကာကွယ်ပေးနိုင်မှာဖြစ်ပြီး End-to-end data encryption ပြုလုပ်ပေးထားတာဖြစ်လို့ မည်သည့်အခြေအနေမှာမဆို မိမိရဲ့ ဒေတာတွေကို အခြားတစ်စုံတစ်ယောက်က ခိုးယူဝင်ရောက်ခြင်းမပြုနိုင်အောင် တားဆီးပေးထားနိုင်မှာ ဖြစ်ပါတယ်။ ရေရှည် ရည်ရွယ်ပြီး အသုံးပြုနိုင်ရန် အတွက်လည်း OS Update ၆ ကြိမ်နဲ့ Security Update ၆ နှစ် အထိ ထောက်ပံ့ပေးထားပါတယ်။
Galaxy A16 စမတ်ဖုန်းစီးရီးအသစ်ကို လူငယ်ဆန်ပြီး လှပတဲ့ အရောင်တွေနဲ့ ရရှိနိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံ ဈေးကွက်အတွင်းမှာ အောက်ပါ အရောင်နဲ့ ဈေးနှုန်းတွေ အတိုင်း ဝယ်ယူရရှိနိုင်မှာပါ။
Galaxy A16 (4/128GB) – ၈၆၅,၀၀၀ ကျပ်
ရရှိနိုင်မည့်အရောင်များ – Black, Light Green
Galaxy A16 (8/128GB) – ၉၄၉,၀၀၀ ကျပ်
ရရှိနိုင်မည့်အရောင်များ – Black, Grey
Galaxy A16 စမတ်ဖုန်း ကို ဝယ်ယူအားပေးသူတွေအနေနဲ့ အောက်ပါ အထူးခံစားခွင့်နဲ့ လက်ဆောင်တွေကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။
Exclusive Gift ဖြစ်တဲ့ Galaxy A16 x SISBURMA Limited Edition Tee အပြင် Clear Cover ကို ရရှိနိုင်မှာပါ။
Samsung Care+ ဝန်ဆောင်မှုအနေနဲ့ မတော်တဆဖြစ်ပြီး ဖုန်းအနောက် မျက်နှာပြင် ပျက်စီးခြင်း အတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၁၀၀ % သက်သာခွင့်၊ ဖုန်းအရှေ့မျက်နှာပြင် ပျက်စီးခြင်းအတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၆၀ % သက်သာခွင့် တွေကို ဝယ်ယူတဲ့နေ့မှ ၁ နှစ်အတွင်း ၁ ကြိမ် ခံစားခွင့် ကိုလည်း ရရှိနိုင်မှာပါ။
“ဖုန်းအဟောင်းပေး အသစ်ယူ” အစီအစဉ် အနေနဲ့ Samsung Galaxy J Series စမတ်ဖုန်းတွေနဲ့ ၂၀၂၂ ကနေ လက်ရှိအချိန်အထိ ထွက်ရှိထားတဲ့ သတ်မှတ် Galaxy A Series စမတ်ဖုန်းအဟောင်းနဲ့ Trade in လုပ်ပြီး Galaxy A16 ကိုဝယ်ယူမယ်ဆိုရင် ဖုန်းအဟောင်းတန်ဖိုးအပြင် Trade in Discount အဖြစ် ငွေကျပ် ၁၅၀,၀၀၀ ကျပ်ကို ရရှိနိုင်ဦးမှာပါ။
အတိုးမဲ့ အရစ်ကျ အစီအစဉ် အနေနဲ့လည်း AYA Pay (သို့မဟုတ်) Blue Season အစီအစဥ်နဲ့ ချိတ်ဆက်ပြီး လစဉ်အရစ်ကျ (၆) လ၊ (၉) လ ၊ (၁၂) လ စနစ်များနဲ့ ဝယ်ယူသွားနိုင်ဦးမှာဖြစ်ပါတယ်။
ATOM SIM Card ကို လက်ရှိအသုံးပြုနေသူနဲ့ SIM Card အသစ် ဝယ်ယူအသုံးပြုသူတွေအနေနဲ့လည်း လစဉ် ကျပ် ၁၀,၀၀၀ (သို့) ၅,၀၀၀ (သို့) ၃,၀၀၀ တန်ဖိုးရှိ ဖုန်းဘေလ် ဖြည့်သွင်းရုံနဲ့ ဖြည့်သွင်းတဲ့ ငွေပမာဏအလိုက် ဒေတာ 8GB အထိနဲ့အတူ YouTube နဲ့ TikTok အသုံးပြုရန်အတွက် ဒေတာ Pacakage တွေပါ ၆ လတိတိ အခမဲ့ ရရှိသွားမှာပါ။
Galaxy A16 စမတ်ဖုန်းအသစ်ကို နီးစပ်ရာ Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး၊ အသေးစိတ် ထပ်မံသိရှိလိုပါက Samsung Myanmar Facebook Page မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Team (ရိုးရာလေး)