ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို ပြန်လည်အနိုင်ရရှိဟုဆို

9-11-2020-yyl-011.jpg

ရန်ကုန် နိုဝင်ဘာ ၉
ကယားပြည်နယ်လွှတ်တော်ရဲ့ အဆုံးအဖြတ်နဲ့ ရာထူးဖြုတ်ချခံခဲ့ရတဲ့ ကယာားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုဟာ အခုရွေးကောက်ပွဲမှာလည်း ပြန်လည်အနိုင်ရရှိခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက်ကနေ အသိပေး လိုက်ပါတယ်။

”ကျွန်တော်ဝင်ရောက်ယှဥ◌်ပြိုင်တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှာတော့ (ကြိုတင်ဆန္ဒမဲနဲ့ ဆန္ဒမဲများ)မှာ ခိုင်လုံမဲရရှိမှုအနက် ကျွန်တော့်အတွက် ထောက်ခံမှု (၇၄.၄ ရာခိုင်နှုန်း)နဲ့ အနိုင်ရရှိ ခဲ့တာ”လို့ သူက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ကိုယ်စားပြု ကိုယ်စားလောင်းဖြစ်တဲ့ ဦးအယ်လ်ဖောင်းရှိုဟာ မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ◌်ပြိုင် အနိုင် ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာလည်း အနိုင်ရရှိခဲ့တဲ့အပြင် ပေးအပ်တဲ့တာဝန်ထမ်းဆောင်မှုတွေကနေလည်း နိုင်ငံရေးအတွေ့အကြုံ၊ မိမိရဲ့ အားနည်းချက်၊ အားသာချက်တွေကိုလည်း ကောင်းစွာသိမြင်ခဲ့ပြီးဖြစ်တယ်လို့ သူက ဆိုထားပါတယ်။

အဲဒီအတွက်ကြောင့် အားနည်းချက်တွေကို အကောင်းဆုံးပြင်ဆင်ပြီး ပေးအပ်လာတဲ့တာဝန်အပေါ်မှာ တာဝန်ကျေပွန်သည်ထက် ကျေပွန်အောင် စေတနာ၊ မေတ္တာအပြည့်နဲ့ ထမ်းရွက်သွးမယ်လို့ သူ့ရဲ့လူမှုကွန်ရက်ကနေ ကတိပြုလိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က မဲရလဒ်တွေကို တရားဝင်ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။ UEC ရဲ့ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top