ပြင်သစ်နိုင်ငံမှာ တာဝန်ကျရဲအရာရှိတွေရဲ့ချစ်ခင်နှစ်သက်မှုကိုလည်း ရရှိထားတဲ့ မင်းသားကြီး ဂျက်ကီချမ်း

5.9.2024-yyl-1.jpg

ဟောင်ကောင်မင်းသားကြီး ဂျက်ကီချမ်းဟာ အသက် ၇၀ ရှိနေပြီဖြစ်ပေမဲ့ ကမ္ဘာတစ်ဝှမ်းမှာ အသိအမှတ်ပြုခံရဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်နေတုန်းပါပဲ။ သူဟာ ပြင်သစ်နိုင်ငံက ရဲအရာရှိတွေကိုတောင် သူ့ရဲ့ပရိသတ်ဖြစ်အောင် လုပ်နိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့က Paralympics ဖွင့်ပွဲအတွက် မီးရှူးတိုင်သယ်ဆောင်သူတွေထဲက တစ်ယောက်အဖြစ် ဂျက်ကီချမ်းက ပါရီမြို့မှာ ရှိနေခဲ့တာပါ။ အဲ့ဒီမှာ တာဝန်ကျနေတဲ့ ရဲအရာရှိ ၂ ဦးက ဂျက်ကီချမ်းနဲ့ဓာတ်ပုံတွဲရိုက်ဖို့ ခွင့်တောင်းခဲ့တဲ့ ဗီဒီယိုတွေက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့တာပါ။

အင်တာနက်အသုံးပြုသူတွေက ဂျက်ကီချမ်းကို ပရိသတ်တွေနဲ့အတူ နေ့ရောညရောဓာတ်ပုံရိုက်နေတာမြင်တွေ့ခဲ့ရတယ်လို့ ပြောကြပါတယ်။ ပရိသတ်တစ်ဦးကလည်း Police Story က အပြင်မှာတကယ်ဖြစ်လာပြီလို့လည်း ရေးသားခဲ့ပါတယ်။ ဂျက်ကီချမ်း မီးရှုးတိုင်သယ်ဆောင်လာစဉ် သူ့နာမည်ပါတဲ့အင်္ကျီဝတ်ဆင်ပြီး အားပေးနေတဲ့ပရိသတ်တွေလည်းရှိခဲ့ပါတယ်။ တချို့ဆို “Kung Fu Legend” ဆိုတဲ့စာသားပါတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားတာလည်း မြင်တွေ့ခဲ့ရပါတယ်။

Ref: Jackie Chan Is So Loved, Even French Police Officers On Duty Want A Picture With Him

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top