ရဟတ်ယာဉ်ပေါ်က မြင်ရတဲ့ နယူးယော့ခ်မြို့မြင်ကွင်းကို အော်တစ်ဇင်ရှိသူ အနုပညာရှင် ရေးဆွဲထားတဲ့ ပန်းချီကား

24.4.24-yyl-13.jpg

Renowned artist Stephen Wiltshire finishes drawing the Empire State Building and New York City from memory at the Empire State Building on October 16, 2017 in New York. Following a 45-minute helicopter ride around Manhattan, Wiltshire drew a cityscape over the course of five days, culminating with today's signing ceremony. 16 Oct 2017 Pictured: Renowned artist STEPHEN WILTSHIRE finishes drawing the Empire State Building and New York City from memory at the Empire State Building on October 16, 2017 in New Yo

ရဟတ်ယာဉ်စီးပြီး နယူးယော့ခ်မြို့ပေါ်ကနေ မိနစ် ၂၀ ကြာ ဖြတ်သန်းပြီးနောက် သူ့မှတ်ဉာဏ်ထဲ စွဲထင်နေတဲ့ မြင်ကွင်းကို ဗြိတိန်ဗိသုကာပညာရှင် စတီဖင်ဝှစ်ရှိုင်းယားက ရေးဆွဲထားတာပါ။ မှတ်ဉာဏ်ကောင်းလွန်းတဲ့ စတီဖင်ဝှစ်ရှိုင်းယားဟာ ငယ်စဉ်ကတည်းက အော်တစ်ဇင်အခြေအနေ ရှိသူပါ။

ကာရေဘီယံမျိုးနွယ်ဖွား မိဘနှစ်ပါးကနေ လန်ဒန်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ငယ်စဉ်ကတည်းက စကားမပြောတတ်ပါဘူး။ ၃ နှစ်သားအရွယ်မှာ အော်တစ်ဇင်အခြေအနေ ဖြစ်နေတာ သိလိုက်ရပြီး အဲဒီနှစ်မှာပဲ ဆိုင်ကယ်တိုက်လို့ သူ့အဖေ ဆုံးပါးသွားခဲ့ပါတယ်။ ၅ နှစ်သားအရွယ်မှာ သူ့ကို ကျောင်းပို့တော့ ပုံဆွဲဝါသနာပါမှန်း သတိထားမိခဲ့ပြီး တိရစ္ဆာန်ပုံ၊ ကားပုံတွေကို စွဲစွဲမြဲမြဲ ရေးဆွဲလေ့ရှိပါတယ်။

သူဟာ မြို့ပြမြင်ကွင်းပုံတွေကို အသေးစိတ် ရေးဆွဲနိုင်စွမ်းရှိပြီး ၂၀၀၅ ခုနှစ်မှာ ဂျပန်နိုင်ငံ တိုကျိုမြို့ပေါ် ရဟတ်ယာဉ်စီးသွားရင်း အပေါ်စီးက မြင်ရတဲ့မြင်ကွင်းပုံကို ၇ ရက်အတွင်း ရေးဆွဲခဲ့ပါတယ်။ ၃၂.၈ ပေ အရှည်ရှိတဲ့ ကန်းဗတ်စပေါ်မှာ ရေးဆွဲခဲ့တာပါ။ အဲဒီနောက် ရောမ၊ ဟောင်ကောင်၊ ဖရန့်ဖတ်၊ မက်ဒရစ်၊ ဒူဘိုင်း၊ ဂျေရုစလမ်၊ လန်ဒန်မြို့ မြင်ကွင်းပုံတွေကိုလည်း ကြီးမားတဲ့ကန်းဗတ်စတွေပေါ်မှာ ရေးဆွဲခဲ့ပြန်ပါတယ်။

သူ့လက်ရာတွေက ကမ္ဘာတစ်ဝန်းမှာ ကျော်ကြားပြီး ၂၀၀၆ ခုနှစ်မှာ ဗြိတိန်တော်ဝင်မိသားစုက ပေးအပ်တဲ့ MBE ဘွဲ့ ရရှိခဲ့ပါတယ်။

Ref: Stephen Wiltshire

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top