Brexit ကိစ္စကို ဦးဆောင်ကိုင်တွယ်သူ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ အယုံအကြည်မဲ့မှုတွေနဲ့ ရင်ဆိုင်နေရ

may-on-terrorism.jpg

ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂကနေ ထွက်ခွာတဲ့ကိစ္စ (Brexit) အတွက် ဦးစီးခေါင်းဆောင်မှုအပေါ် သူ့ရဲ့ကွန်ဆာဗေးတစ်ပါတီဝင်တွေဆီက အယုံအကြည်မရှိအဆိုပြုမှုတွေရခဲ့ပြီးတဲ့နောက်မှာ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေအတွက်တော့ နိုင်ငံရေးလောကမှာ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာခဲ့ပါပြီ။

ဒီနေ့ ပြုလုပ်တဲ့ အဆိုပြုမဲခွဲမှုမှာ သူရှုံးနိမ့်ခဲ့မယ်ဆိုရင် ကွန်ဆာဗေးတစ်ပါတီက ဦးစီးခေါင်းဆောင်မယ့်လူသစ်ကို ထပ်မံရွေးကောက်မှာဖြစ်ပြီး ထရီဆာမေအနေနဲ့ ဗြိတိန်ဝန်ကြီးချုပ်ရာထူးကိုပါ စွန့်လွှတ်ရဖို့အခြေအနေလည်း ရှိနေပါတယ်။ သူအနိုင်ရခဲ့မယ်ဆိုရင်တော့ တစ်နှစ်အတွင်းမှာ ဒီနေရာအတွက် သူကသာဆက်လက်ဦးဆောင်သွားဦးမှာ ဖြစ်ပါတယ်။

Ref: CNN “Theresa May to face no-confidence vote amid Brexit chaos”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top