ရုတ်တရက်ရင်ဘတ်အောင့်ကာ ဆေးရုံတင်ထားရတဲ့ Got7 အဖွဲ့ဝင် ဂျက်ဆန်ဝမ်

27.1.2025-yyl-3.jpg

တောင်ကိုရီးယားအဆိုအဖွဲ့ Got7 ဟာ ၃ နှစ်အကြာမှာ သီချင်းအယ်လ်ဘမ်အသစ်ထွက်ရှိကာ သီချင်းအသစ်ဖြစ်တဲ့ PYTHON နဲ့ စင်မြင့်ထက်မှာ ဖျော်ဖြေတင်ဆက်မှုတွေလုပ်နေကြပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့က SBS Inkigayo ဂီတရှိုးရဲ့စင်မြင့်ထက်မှာ ဖျော်ဖြေတင်ဆက်မှုလုပ်တော့ Got7 အဖွဲ့ဝင် ဂျက်ဆန်ဝမ် မပါတာကို ပရိသတ်တွေသတိထားမိခဲ့ပါတယ်။

အဲ့ဒီနေ့မှာပဲ ဂျက်ဆန်ဝမ် မပါတာနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်ထွက်ရှိလာပါတယ်။ ဂျက်ဆန်ဝမ် ဆေးရုံတင်ထားရတာကြောင့် မပါဝင်ဖြစ်တာကို သိရှိခဲ့ရပါတယ်။

“ဂျက်ဆန်..ပျက်ကွက်ခဲ့ရတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အသိပေးချင်ပါတယ်။ Got7 အဖွဲ့ဝင် ဂျက်ဆန်က SBS Inkigayo မှာ ဖျော်ဖြေဖို့ ပြင်ဆင်နေရင်း ရုတ်တရက်ရင်ဘတ်အောင့်လာတာကြောင့် ဇန်နဝါရီ ၂၆ ရက်နေ့မှာ ဆေးရုံတင်လိုက်ရပြီး ဆေးကုသမှုခံယူရင်း ပြန်လာသက်လာပါပြီ။ အထူးကုတွေရဲ့သဘောအရ ဂျက်ဆန်ဟာ လုံလုံလောက်လောက်အနားယူပြီးတဲ့နောက်မှာ Got7ရဲ့ အယ်လ်ဘမ်အသစ် Winter Heptagon အတွက် ပရိုမိုးရှင်းတွေ ဆက်လက်ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ ဒီကနေ့ SBS Inkigayo စင်မြင့်ထက်မှာ ဂျက်ဆန်ကို ပရိသတ်တွေ မမြင်တွေ့ခဲ့ရလို့ ကျွန်တော် တောင်းပန်ပါရစေ။ ဂျက်ဆန် အမြန်ဆုံးပြန်လည်ကောင်းမွန်လာဖို့ အတတ်နိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဂျက်ဆန်ဝမ်အပါအဝင် အဖွဲ့ဝင် ၅ ဦးရှိတဲ့ Got7 အဖွဲ့ဟာ ဇန်နဝါရီ ၂၀ ရက်နေ့က သူတို့ရဲ့အယ်လ်ဘမ်အသစ် Winter Heptagon ကို ထွက်ရှိခဲ့တာပါ။ ဂျက်ဆန်ဟာ ပြီးခဲ့တဲ့အပတ်က Paris Fashion Week ကို တက်ရောက်ခဲ့ပါသေးတယ်။ သူတို့အဖွဲ့က ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ဖျော်ဖြေပွဲကျင်းပသွားမှာဖြစ်ပါတယ်။

Ref: Jackson Wang hospitalised for sudden chest pains, pauses Got7’s new album promotions

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top