(၈)ရက်အရွယ် သမီးငယ်ကို ဖခင်က ရောင်းစားဖို့ ကြံစည်

yyl-25-008.jpg

အိန္ဒိယနိုင်ငံက အမျိုးသားတစ်ယောက်ဟာ (၈)ရက်အရွယ် သမီးငယ်ကို ရောင်းစားဖို့ ကြံစည်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ အန်ဒရာပရာဒက်ရှ်ပြည်နယ်၊ ခရစ်ရှ်နာခရိုင်မှာ နေထိုင်တဲ့ ရာဂျစ်ရဲ့ဇနီး ရာဂျီတာဟာ အောက်တိုဘာလအစောပိုင်းမှာ မိန်းကလေးအမြွှာ(၂)ဦး မွေးဖွားခဲ့ပါတယ်။ သမီးမိန်းကလေး (၂)ယောက်လုံးကို ကျွေးမွေးစောင့်ရှောက်ဖို့ မတတ်နိုင်ဘူးဆိုပြီး ရာဂျစ်က ကလေးတစ်ယောက်ကို ရောင်းစားဖို့ ကြံစည်ခဲ့တယ်လို့ ယောက္ခမ(ရာဂျီတာရဲ့ဖခင်)က ပြောပါတယ်။

”သူ့အစီအစဉ်ကို ကျွန်တော်က လက်မခံဘူး။ လက်မခံရကောင်းလားဆိုပြီး ကျွန်တော့်ကိုတောင် ထိုးကြိတ်ဖို့ လုပ်သေးတယ်။ ဆေးရုံလုံခြုံရေးတွေရောက်လာလို့ ကျွန်တော် လွတ်မြောက်ခဲ့တာပါ။ ကျွန်တော့်သမီးက အမြွှာသမီး(၂)ယောက် မမွေးခင် သားတစ်ယောက် မွေးထားတယ်”လို့ ရာဂျီတာရဲ့ဖခင်က ပြောပါတယ်။ မွေးကင်းစကလေးငယ်ကို ရောင်းဖို့ သူ့သမက်က ဘယ်သူနဲ့ ညှိခဲ့လဲဆိုတာကို တိတိကျကျ မသိဘူးလို့ သူက ဆိုပါတယ်။ ရာဂျစ်နဲ့ ယောက္ခမဖြစ်သူ ရုန်းရင်းဆန်ခတ် ဖြစ်နေလို့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေက ရဲကို ဖုန်းဆက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ရာဂျစ်ကို ချော့မော့ပြောဆိုချိန်မှာတော့ ရာဂျစ်က သမီး(၂)ယောက်လုံးကို ကျွေးမွေးစောင့်ရှောက်ဖို့ သဘောတူခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top