Avatar 3 ရုံတင်ပြသနိုင်ဖို့ အချိန် ၂ နှစ်ယူရဦးမယ်ဆိုတဲ့ ဂျိမ်းစ်ကင်မရွန်

30.11.23-yyl-1.jpg

Avatar ဇာတ်ကားတွေရဲ့ပဲ့ကိုင်ရှင် အသက် ၆၉ နှစ် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်ဟာ ပြီးခဲ့တဲ့နှစ်ကထွက်ရှိခဲ့တဲ့ Avatar: The Way of Water အပြီး ထွက်ရှိလာမယ့် Avatar 3 အကြောင်း ထုတ်ပြောခဲ့ပါတယ်။ Avatar 3 ကတော့ Post Production လုပ်ဖို့အတွက် အချိန် ၂ နှစ်ယူရမှာဖြစ်တဲ့အတွက် ၂၀၂၅ ခုနှစ်အကုန်မှာ ရုံတင်ဖြစ်မယ်လို့ သိရပါတယ်။

“အခု ကျွန်တော်တို့ Post Production အတွက် ၂ နှစ် အချိန်ယူရမှာပါ။ ဒါကြောင့် ၂၀၂၅ ခရစ္စမတ်မှာဖြစ်လိမ့်မယ်”လို့ ကင်မရွန်က TV New Zealand မှာ ပြောကြားခဲ့ပါတယ်။ အခုနှစ်အစောပိုင်းတုန်းကလည်း ကင်မရွန်က ၅ ကားရိုက်ကူးဖို့ အစီအစဉ်ရှိနေတဲ့အတွက် ပရိသတ်တွေ မျှော်လင့်လို့ရတဲ့အရာတွေကို အရိပ်အမြွက်ပေးခဲ့ပါတယ်။

Avatar နောက်ဆက်တွဲ ဇာတ်ကား ၃ ကားလုံး ထွက်ရှိမယ့်ရက်ရွှေ့ဆိုင်းလိုက်ရတယ်၊ Avatar 3 က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ မှာ ရုံတင်ပြီး ၄ နှစ်အကြာမှာ Avatar 4 ထွက်ရှိမယ်၊ ၂၀၃၁ ခုနှစ်မှာတော့ Avatar 5 ထွက်ရှိမယ်လို့ Disney က အရင်က ကြေညာခဲ့ပါတယ်။

ပထမဆုံးဇာတ်ကား Avatar ကတော့ ကမ္ဘာ့ဝင်ငွေအမြင့်ဆုံးဇာတ်ကားအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေပြီး ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ Avatar: The Way of Water က နံပါတ် ၃ နေရာမှာ ရှိနေပါတယ်။

Ref: James Cameron will spend two years on “post-production” for Avatar 3.

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top