၅ လကြာ ခေါင်းကိုက်ဝေဒနာခံစားနေရတဲ့ ဗီယက်နမ်အမျိုးသားရဲ့ဦးနှောက်ထဲဝင်နေတဲ့ ထမင်းစားတူတွေ့ရှိခဲ့ရ

30.11.23-yyl-2.jpg

ဗီယက်နမ်နိုင်ငံက အမျိုးသားတစ်ဦးဟာ ၅ လခန့်လောက် ပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာကို ခံစားနေခဲ့ရတာပါ။ အခုလိုခေါင်းကိုက်ရခြင်းအကြောင်းအရင်းက သူ့ဦးနှောက်ထဲ ထမင်းစားတူရှိနေတာကြောင့်ဆိုတာသိရပြီးတဲ့နောက်မှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်။ အသက် ၃၅ နှစ်အရွယ် အဲဒီအမျိုးသား (အမည်ဖော်မပြ) ဟာ နိုဝင်ဘာ ၂၅ ရက်နေ့က Dong Hoi’s Cuba Friendship Hospital မှာ ဆေးကုသမှုခံယူခဲ့ပါတယ်။

CT ရိုက်ကြည့်ပြီးတဲ့နောက်မှာ အဲဒီအမျိုးသားဟာ Pneumocephalus (ဦးနှောက်အတွင်းမှာ လေ (သို့) ဂတ်စ်ရှိနေတဲ့အခြေအနေ) ကို ခံစားနေရတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ နောက်ဆက်တွဲစစ်ဆေးမှုတွေလုပ်ကြည့်လိုက်တဲ့အခါမှာ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဦးနှောက်ထဲ ထမင်းစားတူရှိနေခဲ့လို့ပါပဲ။ ထမင်းစားတူက နှာခေါင်းပေါက်ကနေတဆင့်ဝင်ရောက်ပြီး ဦးနှောက်ထဲရောက်သွားခဲ့တာပါ။

အစပိုင်းမှာတော့ ဦးနှောက်ထဲ ထမင်းစားတူရောက်သွားရတဲ့အကြောင်းအရင်းကို စဉ်းစားမရဖြစ်ခဲ့ပါတယ်။ နောက်ကျမှ လွန်ခဲ့တဲ့ ၅ လက သူ မူးပြီး ရန်ပွဲတစ်ခုမှာ ပါဝင်ခဲ့တယ်ဆိုတာ မှတ်မိခဲ့ပါတယ်။ အဲဒီရန်ပွဲက သူ့မှတ်ဉာဏ်ထဲ ဝေဝါးနေပေမဲ့ အရာဝတ္ထုတစ်ခုခုနဲ့ သူ့မျက်နှာကို ထိုးခံလိုက်ရတယ်ဆိုတာကို ယောင်ယောင်ဝါးဝါးမှတ်မိခဲ့ပါတယ်။

ရန်ပွဲပြီးတဲ့နောက်မှာ ဆေးရုံသွားရောက်ခဲ့ပေမဲ့ အဲဒီအချိန်တုန်းက ဆရာဝန်တွေဟာ သူ့နှာခေါင်းအတွင်း ထမင်းစားတူ (သို့) မူမမှန်တဲ့အရာဝတ္ထုမတွေ့ခဲ့ရပါဘူး။ အခုတော့ ရန်ပွဲဖြစ်ခဲ့တဲ့အချိန်တုန်းက သူ့နှာခေါင်းအတွင်း ထမင်းစားတူနဲ့အထိုးခံလိုက်ရတယ်ဆိုတာ မှန်းဆမိခဲ့ပါတယ်။ ကံကောင်းစွာနဲ့ နှာခေါင်းကတဆင့် endoscopic ခွဲစိတ်မှုနဲ့ ဆရာဝန်တွေက ထမင်းစားတူကို အောင်အောင်မြင်မြင်နဲ့ ဖယ်ရှားနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဦးနှောက်နဲ့ ကျောရိုးတစ်သျူးတွေအကြား ပုံမှန်မဟုတ်တဲ့ဆက်သွယ်မှုဖြစ်တဲ့ ဂရင်ဂျီနာကို ပိတ်ဖို့ အသေးစားခွဲစိတ်မှုကို ပြုလုပ်ခဲ့ရပါတယ်။ အဲဒီအမျိုးသားရဲ့အခြေအနေက တည်ငြိမ်နေပြီး ဆေးရုံက ဆင်းဖို့ စောင့်ဆိုင်းနေပါတယ်။

Ref: Vietnamese Man Suffering From Headaches For 5 Months Discovers He Had Chopsticks Stuck In His Brain

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top