Shakespeare ၏ First Folio စာအုပ် လေလံစနစ်ဖြင့် ရောင်းချမည်

yyl-001-11.jpg

William Shakespeare ပထမဦးဆုံး ရေးသားခဲ့သည့် စာအုပ် နှင့် အခြား ရှားပါးလွန်းသော စာအုပ်များကို New York မြို့တွင် လာမည့် ဧပြီလတွင် လေလံစနစ်ဖြင့် ရောင်းချသွားရန်ရှိသည် ဟု Christie’s auction house မှ သောကြာနေ့တွင် ထုတ်ပြန် ကြော်ငြာခဲ့သည်။ Shakespeare ၏ ပထမဦးဆုံးစာမအုပ်ဖြစ်သည့် “Comedies, Histories and Tragedies” ဟူသည့် စာအုပ် “First Folio” ဟုလည်း အမည်တွင်သည့် ယင်းစာအုပ် မူရင်းကို အမေရိကန် ဒေါ်လာ ၄ မီလီယံ နှင့် ၆ မီလီယံ ကြား မျှော်မှန်းကာ လေလံပေး ရောင်းချသွားမည် ဟုဆိုသည်။ ထို First Folio စာအုပ်သည် အဂ်လိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့သည် စာအုပ်များထဲတွင် လွှမ်းမိုးမှု အရှိဆုံးသော စာအုပ်အဖြစ် စာဖတ်သူများ ယနေ့အချိန်အထိ လက်ခံထားသော စာအုပ်တစ်အုပ်ဖြစ်သည်။

First Folio စာအုပ် မူပွား များကို လန်ဒန်၊ ဟောင်ကောင် နှင့် ဘေကျင်း တို့တွင် ကမ္ဘာလှည့် စာအုပ်ရောင်းချပွဲများ၌ ပြသသွားမည်ဟု ကြော်ငြာခဲ့သည်။ ၂၄ရက်နေ့ ဧပြီလ တွင် New York မြို့၌လေလံပွဲ ကျင်းပမည်ဖြစ်သည်။ ယင်းစာအုပ်ကို California နိုင်ငံ Oakalnad ရှိ Mills College မှ ရောင်းချခြင်းဖြစ်သည်။ ယင်း First Folio စာအုပ်ကို ၂၀၀၁ ခုနှစ်တွင် လေလံတင်ရောင်းချမှု စံချိန် အမြင့်ဆုံး အမေရိကန် ဒေါ်လာ ၆.၂ မီလီယံ ရှိခဲ့သည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top