ပထမဆုံးရင်သွေးလေးကို ပိုင်ဆိုင်ရတော့မယ့် ထိုင်းမင်းသားချော James Jirayu

babyboorn.png

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလမှာ လက်ထပ်ခဲ့တဲ့ ထိပ်တန်းထိုင်းမင်းသားချော James Jirayu ဟာ ကလေးအဖေဖြစ်တော့မှာဖြစ်ပါတယ်။ သူ့ရဲ့ချစ်လှစွာသောဇနီး Foam  Bejamas က ပထမဆုံးရင်သွေးလေးလွယ်ထားရပြီဆိုတာကို ထိုင်းနိုင်ငံရဲ့အမေများနေ့မှာ လူမှုကွန်ယက်ကနေတဆင့် အသိပေးလာခဲ့တာပါ။ 


သူတို့ဇနီးမောင်နှံကို ဖျော်ဖြေရေးနယ်ပယ်က သူငယ်ချင်းမိတ်ဆွေတွေကနေရာ ပရိသတ်တွေကပါ ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ Foamက ခင်ပွန်းဖြစ်သူနဲ့ အလည်အပတ်ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ သိခဲ့ရတဲ့ အခိုက်အတန့်ဗီဒီယိုကိုလည်း မကြာသေးခင်ကမှ မျှဝေခဲ့ပါသေးတယ်။ ကိုယ်ဝန်ရှိနေတဲ့ စစ်ဆေးချက်ရလဒ်ကို မြင်တော့ Foam မျက်ရည်ကျခဲ့တာကိုလည်း ဗီဒီယိုထဲမှာ တွေ့ရပါတယ်။ 


နောက်ကျမှ Foam က James ကို ဒီဝမ်းသာစရာသတင်းကို ပြောပြခဲ့တာပါ။ James လည်း အံ့အားသင့်ခဲ့ရပြီး သူ့ရဲ့မျက်နှာမှာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတဲ့ အပြုံးကို မြင်တွေ့ရပါတယ်။ 


James က ချစ်သူသက်တမ်း ၁၀ နှစ်ကျော်ပြီဖြစ်တဲ့ အနုပညာအသိုင်းအဝိုင်းကမဟုတ်တဲ့ ချစ်သူကောင်မလေး Foam ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ လက်ထပ်ခွင့်တောင်းခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ရွှေလက်တွဲခဲ့တာပါ။ 

Ref: James Jirayu’s Wife Breaks Down in Tears Upon Finding Out She is Expecting Her First Child

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top