ပန်းခြံထဲ ရပ်ထားတဲ့ ကားအတွင်း သေဆုံးလျက်တွေ့ရှိခဲ့ရတဲ့ Parasite မင်းသားလီဆန်းဂျွန်း

27.12.23-yyl-4.jpg

ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဆိုးလ်မြို့၊ Waryong Park ထဲ ရပ်ထားတဲ့ ကားတစ်စီးအတွင်း အမျိုးသားတစ်ဦး သတိလစ်မေ့မျောနေတာ တွေ့ရှိခဲ့ရတယ်လို့ Seoul Seongbuk Police Station က သတင်းထုတ်ပြန်ခဲ့ပါတယ်။ သေကြောင်းကြံစည်မှုစာလို့ယူဆရတဲ့စာတစ်စောင်ကို ချန်ထားခဲ့ပြီးနောက် ခင်ပွန်းသည် အိမ်ကနေ ထွက်သွားခဲ့တယ်လို့ အမျိုးသမီးတစ်ဦးထံမှ အရေးပေါ်ဖုန်းဆက်မှုကို လက်ခံရရှိပြီးနောက် အဲဒီနေရာကို ရဲတပ်ဖွဲ့ဝင်တွေ ရောက်သွားခဲ့တာပါ။

အဲဒီနေ့မနက်ပိုင်းမှာတော့ အဲဒီအမျိုးသားက မင်းသားလီဆန်းဂျွန်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပေးခဲ့ပါတယ်။ ကားအတွင်း ကျောက်မီးသွေးမှုန့်လောင်စာခဲကို မီးရှို့ထားတဲ့အထောက်အထားတွေလည်း တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အော်စကာဆုရ Parasite ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ မင်းသားလီဆန်းဂျွန်းဟာ အောက်တိုဘာလကစတင်ပြီး တရားမဝင်မူးယစ်ဆေးဝါးသုံးစွဲမှုစွဲချက်နဲ့ ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုကို ခံနေခဲ့ရတာပါ။

Ref: Lee Sun Gyun Passes Away, Police Confirm

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top