လျှပ်စစ်ကားထုတ်လုပ်ဖို့ အရေးပါတဲ့ လစ်သီယမ်သတ္တုသိုက်ကို အိန္ဒိယမှာ တွေ့ရှိ

13.2.2023-yyl-image-1.jpg

လျှပ်စစ်ကားထုတ်လုပ်ရေးအတွက် အရေးပါတဲ့ လစ်သီယမ်သတ္တုသိုက်ကြီးကို ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှာ တွေ့ရှိခဲ့တယ်လို့ အိန္ဒိယနိုင်ငံက ကြေညာခဲ့ပါတယ်။ အဲဒီသိုက်ကနေ လစ်သီယမ်သတ္တု တန်ချိန် ၅.၉ သန်း ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။

လစ်သီယမ်သတ္တုသိုက် တွေ့ရှိခဲ့လို့ ၂၀၃၀ ပြည့်နှစ်ရောက်ရင် အိန္ဒိယနိုင်ငံရဲ့ လျှပ်စစ်ကားအရေအတွက်က ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းကြပါတယ်။ အိန္ဒိယဟာ အရင်တုန်းက လစ်သီယမ်သတ္တုရဖို့ သြစတြေးလျနဲ့ အာဂျင်တီးနားနိုင်ငံတွေရဲ့ တင်ပို့မှုကို အားထားခဲ့ရတာပါ။

ရာသီဥတုပြောင်းလဲမှုကို ဟန့်တားနိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေက ကာဗွန်လျှော့ချနိုင်ရေး နည်းလမ်းတွေ ရှာဖွေနေတာကြောင့် လစ်သီယမ်အပါအဝင် ရှားပါးသတ္တုတွေအပေါ် ဝယ်လိုအားမြင့်တက်နေပါတယ်။ ၂၀၂၃ ခုနှစ်မှာ တရုတ်နိုင်ငံက ဘိုလစ်ဗီးယားရဲ့ ကမ္ဘာ့အကြီးဆုံး လစ်သီယမ်သတ္တုသိုက်ကို တူးဖော်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလျံတန် သဘောတူစာချုပ် ချုပ်ဆိုခဲ့တာပါ။

Ref: Jammu and Kashmir: India’s first big lithium find boosts electric car hopes

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply