အသက် ၂၀ အရွယ်က အူစိန်ဘော့ရဲ့စံချိန်ကို ချိုးနိုင်ခဲ့တဲ့ ဂျပန် ဆယ်ကျော်သက်အပြေးသမား

japanese.jpg

အသက် ၁၆ နှစ်အရွယ် ဂျပန်အပြေးသမား ဆိုရာတိုရှီမီဇုဟာ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ကမ္ဘာ့အမြန်ဆုံးလူသားအဖြစ် သတ်မှတ်ခံထားရတဲ့ အူစိန်ဘော့ရဲ့ အသက် ၂၀ အရွယ်တုန်း စွမ်းဆောင်မှုထက် ပိုကောင်းတဲ့ မှတ်တမ်းမျိုး စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ရှီမီဇုဟာ ဟီရိုရှီးမားမြို့မှာ ကျင်းပခဲ့တဲ့ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၁၀ စက္ကန့်တည်းနဲ့ ပန်းဝင်ခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်အောက် အပြေးသမားတွေထဲမှာ အမြန်ဆုံး စံချိန်သစ် တင်နိုင်ခဲ့တာပါ။ အူစိန်ဘော့ဟာ အသက် ၂၀ အရွယ် အပြေးသမားတွေထဲမှာ အကောင်းဆုံးစံချိန်အဖြစ် မီတာ ၁၀၀ ကို ၁၀.၀၃ စက္ကန့်နဲ့ ပန်းဝင်အောင် စွမ်းဆောင်ခဲ့တာဖြစ်ပြီး ဒီစံချိန်ကို ရှီမီဇုက ချိုးဖျက်ခဲ့တာပါ။

ဒါပေမဲ့ အလွတ်တန်း သတ်မှတ်ချက်အရဆိုရင်တော့ ၂၀၀၉ ခုနှစ် ဘာလင်ပြိုင်ပွဲမှာ မီတာ ၁၀၀ ကို ၉.၅၈ စက္ကန့်နဲ့ပန်းဝင်ခဲ့တဲ့ အူစိန်ဘော့ရဲ့စံချိန်က လိုက်မီသူ မရှိသေးပါဘူး။

Ref: Japanese 16-year-old Sorato Shimizu has set a new world record


NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top