ဖုန်းနဲ့မျက်နှာ မခွာဖြစ်နတဲ့ မိဘတွေကို လန့်သွားရလောက်အောင် ပညာပေးလိုက်တဲ့ ညီအစ်ကို နှစ်ယောက်

49074622_320112782172585_2040650365191323648_n.jpg

ကလေးဆိုတာ မိဘတွေဆီက ဂရုစိုက်ခံရဖို့ ဘာမဆိုလုပ်တတ်ကြပါတယ်။ ဒီလိုလုပ်လို့ဆိုပြီး သူတို့လိုချင်တဲ့ ဂရုစိုက်မှုမျိုးမ ရတဲ့အခါမျိုးမှာ ပိုလို့ အခြေအနေဆိုးလာတတ်ကြပါတယ်။ တစ်ခါတလေ ခေါင်းညှိတ်ပြရုံလေး၊ ပြုံးပြရုံလေးတွေအပြင် အခန့်မသင့်ကလေးတွေမှာ အဆူလည်းခံရတတ်ပါသေးတယ်။ ဒီ ညီအစ်ကိုနှစ်ယောက်တော့ ဖုန်းနဲ့ အလုပ်ရှပ်နေတဲ့ မိဘတွေကို ဟာသလေးတစ်ခု ဖန်တီးပြီး စနောက်လိုက်ပါတယ်။

မိဘတွေက အလုပ်သွားလိုက်၊ အလုပ်ကပြန်လာရင် ဖုန်းလေးပွတ်လိုက်နဲ့ ကလေးတွေကိုတောင် အာရုံမရတော့ပါဘူး။ ဒီနေရာမှာ တိုးတက်လာတဲ့ နည်းပညာကိုလည်း အပြစ်သွားတင်လို့ မရပြန်ပါဘူး။ ညီအစ်ကိုနှစ်ယောက်ကတော့ သူတို့ရဲ့ မိဘတွေကို တကယ့် ကမ္ဘာ့အစစ်ဆီ ပြန်ခေါ်ဖို့ ဟာသလေးတစ်ခု ဖန်တီးခဲ့ပါတယ်။

(၂၂) စက္ကန့်သာကြာမြင့်တဲ့ ဟာသဗီဒီယိုလေးမှာတော့ ညီအငယ်ဖြစ်က ကြမ်းပြင်ပေါ်ကို အိပ်ထမတင်လုပ်သလို အရင်အိပ်ချလိုက်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ အစ်ကိုဖြစ်သူက ညီအငယ်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို အပေါ်ကနေ စောင်နဲ့အုပ်လိုက်ပါတယ်။ ဒါကို ဘေးမှာထိုင်ပြီး ဖုန်းပွတ်နေတဲ့အဖေနဲ့ အမေက ဒီကောင်တွေ စောင်အုပ်ပြီး ဘာလုပ်နေတာလဲဆိုတဲ့ မျက်နှာထားနဲ့ တစ်ချက် လှမ်းကြည့်လိုက်ပါသေးတယ်။

ပြီးနောက်မှာတော့ အစ်ကိုဖြစ်သူက ဂါထာလိုလို ဘာလိုလိုကို စောင်ဆီ လက်ညှိုးထိုးရွတ်ရင်း ခဏအကြာမှ စောင်အောက်က ခန္ဓာကိုယ်ကြီးက လေပေါ် မြောက်တတ်လာပါတော့တယ်။ ဒီအခါမှာတော့ အဖေရော၊ အမေရောက လန့်သွားပြီးစောင်ကို လှမ်းဖယ်လိုက်ပါတယ်။ စောင်ရဲ့အောက်မှာတော့ အဖေဖြစ်သူ မျှော်လင့်ထားသလိုမဟုတ်ဘဲ ညီငယ်လေးက မျက်နှာမှောက်လျက်သား ခန္ဓာကိုယ်ကို လေးဘက်ထောက်ထားပြီး အပေါ်ကြွထားတာကို တွေ့လိုက်ရပါတယ်။

ဗီဒီယိုလေးကိုတော့ အောက်ကလင့်ခ်မှာ ဖွင့်ကြည့်လို့ရပါတယ်။

https://bit.ly/2T79rOe

Ref: elitereaders “FUNNY Brothers Scare Parents Who Were Busy On Their Phones With Hilarious Prank”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top