အခကြေးငွေယူပြီး ပါးရိုက် ဝန်ဆောင်မှုပေးတဲ့ ဂျပန်စားသောက်ဆိုင်

5.12.23-yyl-3.jpg

ဂျပန်အီဇာခါယာစားသောက်ဆိုင်က စားသုံးသူတွေဆီက အခကြေးငွေယူပြီး ပါးရိုက်ပေးတဲ့ ဝန်ဆောင်မှု ပေးခဲ့တာကြောင့် လူပြောများခဲ့ပါတယ်။ နာဂိုယာမြို့မှာ ဖွင့်လှစ်ထားတဲ့ ရှာချီဟိုကိုယာ အီဇာခါယာစားသောက်ဆိုင်က အစပိုင်းမှာ ပါးရိုက်ပေးတဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦးသာ ခန့်အပ်ထားပြီး နောက်ပိုင်းမှာတော့ ပါးရိုက်ခံချင်သူ ပိုများလာတာကြောင့် အမျိုးသမီးဝန်ထမ်းတွေ ထပ်ခန့်ခဲ့ပါတယ်။

ပါးတစ်ချက်ရိုက်ခံချင်ရင် ယန်း ၁၀၀ ကျသင့်မှာဖြစ်ပေမဲ့ အမျိုးသမီးဝန်ထမ်း တစ်ဦးချင်းစီအလိုက် ဈေးနှုန်းအပြောင်းအလဲရှိပြီး ယန်း ၅၀၀ အထိ ကောက်ခံပါတယ်။ အဲဒီဝန်ဆောင်မှုဟာ ဂျပန်အမျိုးသား၊ အမျိုးသမီးတွေကြား ရေပန်းစားပြီး နိုင်ငံခြားသား ဧည့်သည်တွေပါ ပါးရိုက်ခံချင်တဲ့အတွက် ဆိုင်ကို လာကြတယ်လို့ တရုတ်ဘာသာနဲ့ ရေးသားဖော်ပြတဲ့ Liberty Times Net သတင်းဌာနက ဖော်ပြပါတယ်။

” အားပြင်းပြင်း ရိုက်ခံရလေလေ၊ စားသုံးသူတွေက ပိုစိတ်လှုပ်ရှားလေလေပါပဲ။ ပါးရိုက်ခံရလို့ ဒေါသမထွက်ကြတဲ့အပြင် ပိုပြီးတောင် လန်းဆန်းတက်ကြွသွားကြသလိုပဲ။ သူတို့က ပါးရိုက်ပေးတဲ့ ဝန်ထမ်းတွေကိုတောင် ကျေးဇူးတင်စကားဆိုကြသေးတယ်”လို့ Liberty Times Net သတင်းဌာနက ရေးသားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ရှာချီဟိုကိုယာ အီဇာခါယာစားသောက်ဆိုင်က ပါးရိုက်ပေးတဲ့ ဝန်ဆောင်မှုကို ရပ်နားလိုက်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဝန်ဆောင်မှုပေးခဲ့ချိန်က ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းက အွန်လိုင်းပေါ် ပျံ့နှံ့သွားပြီး ဒီအကြောင်း လူပြောများလာခဲ့တာပါ။

Ref: Japanese Bar Offers Controversial Face Slapping Service

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply