မျက်စိအတွင်းတိမ်ကြောင့် စာဖတ်ရခက်ခဲခဲ့ပေမဲ့ PhD ဘွဲ့ရအောင်ယူနိုင်ခဲ့တဲ့ အသက် ၇၉ နှစ်အရွယ်အဘိုးအို

5.12.23-yyl-2.jpg

အသက် ၇၉ နှစ်အရွယ် မလေးရှားအဘိုးအို မူဟာရမ် အာဝမ်ဟာ စိန်ခေါ်မှုတွေများစွာရင်ဆိုင်ခဲ့ရပေမဲ့ National University of Malaysia ကနေ မလေးစာပေဆိုင်ရာ Ph.D ဘွဲ့ရရှိခဲ့ပါတယ်။ သူ့ရဲ့အကြောင်းကို တက္ကသိုလ်ရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့က တင်ခဲ့တာပါ။

မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်တာအပါအဝင် Ph.D ဘွဲ့ရဖို့ ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေကို မူဟာရမ်က ပြောပြပေးထားပါတယ်။ မလက်ကာမြို့မှာ နေထိုင်ပြီး အငြိမ်းစားဆရာဖြစ်တဲ့ မူဟာရမ်က တက္ကသိုလ်ရဲ့ကျောင်းဝင်းတည်ရှိရာ ဘန်ဂီမြို့ဆီ ခေါက်တုံ့ခေါက်ပြန်သွားခဲ့ရတာပါ။ သုတေသနစာတမ်းအတွက် စာရိုက်ပေးဖို့ သူ့ကလေးတွေထဲက တစ်ဦးကိုလည်း အကူအညီတောင်းခဲ့ရတာပါ။ အတွင်းတိမ်ကြောင့် အမြင်အာရုံမှုန်ဝါးနေတာကြောင့် စာဖတ်ရမှာလည်း အခက်အခဲဖြစ်ခဲ့ပါတယ်။ “ကျွန်တော်ရဲ့မျက်လုံးတွေ ဝါးနေပြီး စာကောင်းကောင်းမဖတ်နိုင်ပါဘူး။ စာတမ်းပြီးချင်ခဲ့တယ်”လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ သူက စာလေ့လာတာကိုတော့ ရပ်တန့်မပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အခုနှစ်အစောပိုင်း မေလတုန်းကတော့ မူဟာရမ်က အတွင်းတိမ်ခွဲစိတ်ကုသမှုခံယူခဲ့ပြီး သူ့အမြင်အာရုံပြန်လည်ကောင်းမွန်လာပြီးတဲ့နောက်မှာ သူ့ရဲ့စာတမ်းကို အပြီးသတ်နိုင်ခဲ့ပါတယ်။ အခုဆို ဇွဲမလျော့ဘဲ ကြိုးစားအားထုတ်မှုကြောင့် မူဟာရမ်က Ph.D ဘွဲ့ကို ရယူနိုင်ခဲ့ပါပြီ။ မူဟာရမ်က လူငယ်ကျောင်းသူ/သားတွေအတွက် လှုံ့ဆော်မှုဖြစ်စေမယ်လို့ တက္ကသိုလ်က မျှော်လင့်နေပါတယ်။

Ref: M’sian grandpa, 79, earns PhD from university despite reading difficulties due to cataracts

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top