ဆေးပညာဆိုင်ရာ ခွဲစိတ်ကုသမှုတွေကို တစ်ခေတ်ဆန်းစေမယ့် လေ့လာတွေ့ရှိမှုအတွက် ပထမဆု ဆွတ်ခူးခဲ့တဲ့ ၁၆ နှစ်အရွယ် ကျောင်းသူ

29.5.24-yyl-2.jpg

ဆေးပညာဆိုင်ရာ ခွဲစိတ်ကုသမှုတွေကို တစ်ခေတ်ဆန်းစေမယ့် လေ့လာတွေ့ရှိမှုအတွက် ၁၆ နှစ်အရွယ် ကျောင်းသူလေးဟာ အမေရိကန်နိုင်ငံရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံး သိပ္ပံပြပွဲမှာ ပထမဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကင်တက်ကီပြည်နယ်၊ လက်ဆင်တန်မြို့မှာ နေထိုင်တဲ့ ဂရေ့ဆန်းဟာ Society for Science’s Regeneron International Science and Engineering ပြပွဲမှာ ပထမဆုအဖြစ် ဒေါ်လာ ၇၅၀၀၀ ရရှိခဲ့တာပါ။

ဂရေ့ဆန်းဟာ organic electrochemical transistors or OECTs တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်နိုင်ရေးအတွက် အဓိကထား သုတေသနလုပ်ခဲ့တာပါ။ ” OECTs တွေရဲ့ စွမ်းဆောင်ရည်ပိုင်းက ပြဿနာရှိနေပြီ။ ခန္ဓာကိုယ်ထဲ ထည့်လိုက်ရင် နေရာရွေ့သွားတာမျိုး ရှိတယ်။ ခန္ဓာကိုယ်ထဲ ထည့်ထားပြီးမှ ထိထိရောက်ရောက် မစွမ်းဆောင်နိုင်တာမျိုးကို ဘယ်သူမှ လိုလားမှာ မဟုတ်ဘူး”လို့ ဂရေ့ဆန်းက ဆိုပါတယ်။

OECT တွေဟာ ချွေး၊ သွေးနဲ့ တခြားအရည်ကြည်တွေထဲကနေ နျူကလီယစ်အက်ဆစ်နဲ့ ပရိုတိန်းဓာတ်တွေကို ခွဲခြားစစ်ဆေးပြီး သက်ဆိုင်ရာ ရောဂါတွေကို ရောဂါနုချိန်မှာ ဖော်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ညှပ်ရိုးထဲ ခွဲစိတ်ထည့်သွင်းရတဲ့ နှလုံးခုန်ထိန်းစက်လို ခန္ဓာကိုယ်ထဲ ထည့်သွင်းရတဲ့ စက်ကိရိယာတွေနေရာ အစားထိုး ဝင်ရောက်နိုင်စွမ်း ရှိမယ်လို့ သတ်မှတ်ခံထားရတာပါ။

” ဒါက ကျွန်တော်တို့အတွက် နံပါတ်(၁) ဦးစားပေး စီမံကိန်းပါပဲ။ တစ်ချက်လေးမှ သံသယ ဖြစ်စရာမရှိပါဘူး။ ဒီစီမံကိန်းက အလွန်အရေးပါလို့ ဒီသုတေသနကို ပထမဆု ချီးမြှင့်ထိုက်တယ်လို့လည်း ဒိုင်အဖွဲ့အားလုံးက ယုံကြည်ပါတယ်”လို့ ဆေးသိပ္ပံဆိုင်ရာ ပစ္စည်းကဏ္ဍရဲ့ ပူးတွဲဒိုင်လူကြီး အီရန်ဂျန်ဒရယ်က ပြောပါတယ်။

Ref:16-year-old Wins $75,000 for Her Award-Winning Discovery That Could Help Revolutionize Biomedical Implants

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top