အချစ်သစ်တွေ့နေပြီဖြစ်တဲ့ ဂျေဆင် မိုမိုအာ

21.5.24-yyl-၂.jpg

၂၀၂၂ ခုနှစ်မှာ လီဆာဘိုးနက်နဲ့ ကွာရှင်းခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် Aquaman မင်းသား ဂျေဆင်မိုမိုအာဟာ အခုဆို အချစ်သစ်တွေ့နေပါပြီ။ လက်ရှိ သူ တွဲနေတဲ့သူက အသက် ၃၂ နှစ်အရွယ် မင်းသမီး အက်ဒရီယာ အာဂျိုနာဖြစ်ပြီး သူတို့တွဲနေတယ်ဆိုတာကို ချပြထားပါတယ်။ မကြာသေးခင်က ဂျပန်နိုင်ငံကို ခရီးထွက်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ဓာတ်ပုံတွေကို ဂျေဆင်မိုမိုအာက လူမှုကွန်ယက်ပေါ် တင်ခဲ့တာပါ။

အက်ဒရီယာနဲ့ မတွဲခင် ဂျေဆင်မိုမိုအာက မင်းသမီး အီဇာ ဂွန်ဇလက်ဇ်နဲ့ လအနည်းငယ်ကြာ တွဲခဲ့ပါသေးတယ်။ ဂျေဆင်ကို Game of Thrones၊ Aquaman ဇာတ်ကားတွေနဲ့ လူသိများပါတယ်။

အက်ဒရီယာကလည်း အရင်က လက်ထပ်ခဲ့ဖူးပါတယ်။ ၂၀၁၉ ခုနှစ်မှာ ရှေ့နေ အက်ဂါဒို ကာနေးစ်နဲ့ လက်ထပ်ခဲ့တာပါ။ သူ့ကို Morbius၊ Father of the Bride၊ Good Omens and Andor ဇာတ်ကားတွေနဲ့ လူသိများပြီး သူ့ရဲ့Netflix ဇာတ်ကားသစ်Hit Man ကလည်း ဇွန်လထဲ ထွက်ရှိမှာဖြစ်ပါတယ်။ ဂျေဆင်နဲ့ အက်ဒရီယာတို့က ၂၀၂၁ ခုနှစ် ဇာတ်ကား Sweet Girl မှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

Ref: Jason Momoa confirms romance with Adria Arjona

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top