လူသိနည်းတဲ့ အမျိုးသမီးတွေနဲ့ သိပ္ပံပညာရှင်တွေအတွက် Wikipedia မှာ သူတို့ရဲ့အတ္ထုပ္ပတ္တိတွေကို ရေးပေးနေသူ

19-10-2022-yyl-26.jpg

ဂျက်စ် ဝိတ်က British Empire Medal ဆုတံဆိပ် (အသိအမှတ်ပြုထိုက်တဲ့၊ ချီးမွမ်းထိုက်တဲ့ အရပ်ဘက် (သို့) စစ်မှုထမ်းတွေအတွက် ချီးမြှင့်တဲ့ ဗြိတိန်ဆုတံဆိပ်) ကို ရရှိထားတဲ့ ရူပဗေဒပညာရှင်တစ်ယောက်ပါ။ ဒါတင်မကသေးပါဘူး။ သူဟာ Wikipedia စာရေးဆရာတစ်ယောက်လည်းဖြစ်တယ်။

အသက် ၃၃ နှစ်အရွယ် ဂျက်စ်က လူသိနည်းတဲ့ အမျိုးသမီးတွေနဲ့ သိပ္ပံပညာရှင်တွေအတွက် Wikipedia မှာ သူတို့ရဲ့အတ္ထုပ္ပတ္တိတွေကို ရေးသားပေးခဲ့တာ Wikipedia စာမျက်နှာပေါင်း ၁၇၅၀ ကျော်သွားပါပြီ။ သူတို့ရဲ့ထူးချွန်အောင်မြင်မှုတွေကို လျစ်လျူရှုခံထားရတဲ့၊ လူသိနည်းတဲ့ အမျိုးသမီးတွေနဲ့ သိပ္ပံပညာရှင်တွေကို ဂုဏ်ပြုပေးချင်တာကြောင့် ဂျက်စ်က သူတို့အတွက် အခုလို ရေးပေးခဲ့တာပါ။

အမေရိကန်ရာသီဥတုဗေဒပညာရှင် ကင်မ် ကော့ဘ်က သူ့ရဲ့နယ်ပယ်မှာ အောင်မြင်ပေမဲ့ သူ့ရဲ့အတ္ထုပ္ပတ္တိအကြောင်း ကိုယ်ပိုင် Wikipedia ပေ့ချ်မရှိတာကို ဂျက်စ် တွေ့ရှိခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်ကစပြီး Wikipedia မှာ ရေးသားလာခဲ့တာပါ။ သူက Wikipedia မှာ အတ္ထုပ္ပတ္တိမရှိတဲ့ အမျိုးသမီးတွေနဲ့ သိပ္ပံပညာရှင်တော်တော်များများရှိတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ “မင်းဘယ်သူလဲဆိုတာကို လူတွေသိစေတာက မင်းမှာ အခွင့်အလမ်းတွေ ပိုရစေတာပါပဲ”လို့ ဂျက်စ်က ဆိုပါတယ်။

သူ ရေးပေးခဲ့ဖူးတဲ့ အမျိုးသမီးသိပ္ပံပညာရှင်တွေထဲမှာ ဒြပ်စင်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိဖို့ ကူညီပေးခဲ့တဲ့ ပထမဆုံးအာဖရိကန်-အမေရိကန်အမျိုးသမီး ကလာရစ် ဖိလစ်စ်ပါဝင်ပါတယ်။ Wikipedia က အရေးမပါဘူး၊ မအောင်မြင်ဘူးလို့ သဘောထားခံရတဲ့ လူတွေကို ဂုဏ်ပြုပေးဖို့ တကယ့်ကို အစွမ်းထက်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်၊ သိပ္ပံပညာမှာ အမျိုးသမီးတွေ လုံလောက်မှုမရှိရုံတင်မက ရှိတဲ့သူတွေကိုလည်း ဂုဏ်ပြုဖို့ လုံလောက်အောင် မစွမ်းဆောင်ကြဘူးလို့ ဂျက်စ်က ပြောပါတယ်။

သိပ္ပံပညာစိတ်ဝင်စားတဲ့ မိန်းကလေးတွေကို ပံ့ပိုးပေးဖို့ အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုဟာ သူတို့ကို ကျွမ်းကျင်တဲ့သူတွေက လမ်းညွှန်ပြသပေးဖို့ဖြစ်တယ်လို့ ဂျက်စ်က ယုံကြည်ထားပါတယ်။

Ref: People “Jess Wade Has Written More Than 1,750 Wikipedia Pages for Overlooked Women and Minority Scientists”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top