ကျပ်သိန်း ၃၀ တန်နေအိမ်ခြောက်သောင်းစီမံကိန်း

yyl-019-15.jpg

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ မြို့နယ် ၆ မြို့နယ်မှာ ကျပ်သိန်း ၃၀ တန်နေအိမ်အလုံး ၆၀,၀၀၀ ဆောက်လုပ်ဖို့ စီမံကိန်းရေးဆွဲထားတယ်လို့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ဒီနေ့ကျင်းပတဲ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျရဲ့ ကျူးကျော်အိမ်ရာနေ ပြည်သူတွေနေထိုင်ဖို့၊ ကျူးကျော်အိမ်ရာတွေကို ပြန်လည်နေရာချထားနိုင်ဖို့နဲ့ပတ်သက်တဲ့ ကြယ်ပွင့်ပြမေးခွန်း အပေါ်ကို ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီနေအိမ်တွေဟာ တန်ဖိုးနည်းအိမ်ရာ(ကျပ် ၆၆ သိန်းမှ ၁၄၅ သိန်းအတွင်း)တိုက်ခန်းတွေကို ဝယ်ယူဖို့ အတွက် မိသားစုဝင်ငွေ သတ်မှတ်ချက်မပြည့်မီသူတွေ၊ ဝယ်ယူဖို့ မစွမ်းဆောင်နိုင်သူတွေ၊ ကျူးကျော်အိမ်ရာတွေ မှာ နေထိုင်သူတွေအတွက် ရည်ရွယ်တဲ့ နေအိမ်တွေ ဖြစ်ပါတယ်။

အခုလိုကျပ်သိန်း ၃၀ တန်နေအိမ်တွေဟာ ၁၄ ပေ x ၂၅ ပေ အရွယ်အစားရှိတဲ့အိမ်တွေဖြစ်ပြီးတော့ Community Housing နည်းစနစ်အရ ဆောက်လုပ်နေရာချထားပေးဖို့အတွက် အစီအမံချမှတ်ထားတာ ဖြစ်ပါတယ်လို့ ဒေါ်နီလာကျော်က ဆိုပါတယ်။

ဒီနေအိမ်ကို လိုချင်သူတွေဟာ Microfinance အစီအစဉ်နဲ့ ချေးငွေရယူပြီးဆောက်လုပ်နေထိုင်ရမှာဖြစ်ပါ တယ်။ အစိုးရကမြေပေးပြီး ဆောက်လုပ်နေထိုင်ခွင့်ပေးတဲ့ပုံစံဖြစ်တဲ့အတွက် အဲဒီကျပ်သိန်း ၃၀ တန်နေအိမ် တွေရဲ့မြေက အစိုးရမြေအဖြစ် ဆက်လက်သတ်မှတ်ထားမှာ ဖြစ်ပါတယ်။

အခုလို ကျပ်သိန်း ၃၀ တန်နေအိမ်ယူနစ် ၆၀,၀၀၀ စီမံကိန်းကို ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)နဲ့ ရွှေပေါက်ကံမြို့နယ်တို့မှာ ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ တစ်မြို့နယ်ကို နေအိမ်ယူနစ် ၁၀,၀၀၀ စီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Community Housing ပထမအသုပ်အနေနဲ့ ရွှေပြည်သာမြို့နယ်၊ သံတင်း(၄၈)ရပ်ကွက်မှာ ကျပ်သိန်း ၃၀ တန်နေအိမ် ၂၆၄ လုံး ဆောက်လုပ်ပြီးစီးသွားပြီဖြစ်တဲ့အပြင် နေရာချထားပေးပြီးဖြစ်တယ်လို့လည်း ဒေါ်နီလာကျော်က ဆိုပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top