ကမ္ဘာ့ကြွယ်ဝချမ်းသာဆုံး အမျိုးသားအဖြစ် ဒေါ်လာ ၂၀၀ ဘီလျံနဲ့ စံချိန်ချိုးခဲ့တဲ့ ဂျက်ဖ် ဘီဇို့စ်

27-8-2020-yyl-001.jpg

ကမ္ဘာ့ကြွယ်ဝချမ်းသာဆုံး အမျိုးသားဟာ အမေဇုန်ဝက်ဆိုက်တည်ထောင်သူ ဂျက်ဖ် ဘီဇို့စ်ဆိုတာကို လူတိုင်းသိကြမှာပါ။ သူဟာ နောက်ထပ် စံချိန်တင်လိုက်ပြန်ပါပြီ။ သူက အသားတင်ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၂၀၀ ဘီလျံ ပိုင်ဆိုင်တဲ့ ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့တယ်လို့ Forbes မဂ္ဂဇင်းရဲ့ဒေတာတွေအရ ဗုဒ္ဓဟူးနေ့က သိရပါတယ်။

အသက် (၅၆) နှစ်ရှိပြီးဖြစ်တဲ့ ဂျက်ဖ်ဘီဇို့စ်က ကပ်ရောဂါအတွင်းမှာ လူတော်တော်များများ တောင်းဆိုမှုများခဲ့တဲ့ အမေဇုန်ရဲ့စတော့ရှယ်ယာ ၁၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါတယ်။ ကပ်ရောဂါအတွင်းမှာ ဂျက်ဖ် ဘီဇို့စ်ရဲ့ကြွယ်ဝချမ်းသာမှုက တဟုန်ထိုးမြှင့်တက်လာခဲ့တယ်လို့ ဆိုရမှာပါပဲ။ ဧပြီလတုန်းက သူ့ရဲ့ကြွယ်ဝချမ်းသာမှုက ဒေါ်လာ ၁၁၃ ဘီလျံရှိခဲ့တာဖြစ်ပါတယ်။

ကပ်ရောဂါက အမေရိကန်စီးပွားရေးကို အကျပ်အတည်းဖြစ်စေခဲ့ပေမယ့်လည်း အမေဇုန်ကတော့ စီးပွားရေးအခြေအနေကောင်းနေပြီး ဂျက်ဖ် ဘီဇို့စ်ရဲ့ကြွယ်ဝချမ်းသာမှုလည်း များလာခဲ့ပါတယ်။ အမေဇုန်ရဲ့စတော့တွေက ဗုဒ္ဓဟူးနေ့မှာ ၂.၈၅ ရာခိုင်နှုန်းကျော်လောက် တိုးလာခဲ့တာဖြစ်ပါတယ်။ ကမ္ဘာမှာ ဂျက်ဖ် ဘီဇို့စ်ပြီးရင် ဒုတိယကြွယ်ဝချမ်းသာဆုံး အမျိုးသားက မိုက်ခရိုဆော့တည်ထောင်သူ ဘီလ် ကိတ် ဖြစ်ပြီး ကြွယ်ဝချမ်းသာမှုက ဒေါ်လာ (၁၁၆.၂) ဘီလျံဖြစ်တယ်လို့ သိရပါတယ်။

Ref: ABCNews “Jeff Bezos breaks new record as his net worth tops $200 billion”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply