အိမ်ထောက်သက် ၂ နှစ်အကြာမှာ ဘင်အက်ဖလက်ခ်နဲ့ ကွာရှင်းခွင့်တင်ခဲ့တဲ့ ဂျနီဖာလိုပက်ဇ်

21.8.2024-yyl-2.jpg

အဆိုတော်မင်းသမီး ဂျနီဖာလိုပက်ဇ်က ခင်ပွန်းဖြစ်သူ လင်နို့လူသားဇာတ်ကောင် မင်းသားဘင်အက်ဖလက်ခ်နဲ့ ၂ နှစ်ကြာ လက်ထပ်ပြီးနောက် ဩဂုတ်လ ၂၀ ရက်နေ့မှာ ကွာရှင်းခွင့်တင်ခဲ့တယ်။ ဘာကြောင့် ကွာရှင်းလိုက်ကြတယ်ဆိုတာကိုတော့ အသေးစိတ်မသိရှိရသေးဘူးလို့ သိရပါတယ်။

သူတို့စုံတွဲက ၂၀၂၂ ခုနှစ် ဇူလိုင်လက လာ့စ်ဗီးဂတ်စ်မှာ လက်ထပ်ခဲ့ကြတာပါ။ သူတို့ရဲ့လက်ထပ်မှုကို လိုပက်ဇ်က သူ့ရဲ့ဝက်ဘ်ဆိုဒ်မှာ “ကျွန်မတို့ လက်ထပ်လိုက်ကြပြီ။ အချစ်က လှပပါတယ်။ အချစ်က အကြင်နာတရားပါပဲ။ အချစ်က စိတ်ရှည်ရတယ်။ နှစ်နှစ်ဆယ်စိတ်ရှည်ခဲ့တယ်”လို့ ရေးသားကြေညာခဲ့တာပါ။

လာ့စ်ဗီးဂတ်စ်မှာ လက်ထပ်ပြီး နောက်လကျတော့ ဒုတိယမင်္ဂလာပွဲကို ဂျော်ဂျီယာမှာ ကျင်းပခဲ့ပါတယ်။ သူတို့စုံတွဲက ၂၀၀၀ ပြည့်နှစ်အစောပိုင်းမှာ တွဲခဲ့ဖူးပြီး ၂၀၀၃ ခုနှစ်မှာ စေ့စပ်ခဲ့ကြပေမဲ့ မင်္ဂလာပွဲကို ရွှေ့ဆိုင်းခဲ့ကာ နောက်ပိုင်းမှာ လမ်းခွဲခဲ့ကြပါတယ်။

နောက်ပိုင်း သူတို့ဟာ အိမ်ထောင်ကိုယ်စီကျခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ်ကျမှ ဘင်အက်ဖလက်ခ်နဲ့ ဂျနီဖာလိုဗက်ဇ်တို့ ပြန်တွဲဖြစ်ခဲ့ကာ လက်ထပ်ဖြစ်ခဲ့တာပါ။

Ref: Jennifer Lopez files for divorce from Ben Affleck after 2 years of marriage

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top