ရုပ်ရည်ချောမောမှုကြောင့် လူစိတ်ဝင်စားခံ​နေရတဲ့ အသက် ၂၁ နှစ်အရွယ် သိုးထိန်းသမလေး

14.9-2022-yyl-06.jpg

တရုတ်အနောက်မြောက်ပိုင်းက သိုးထိန်းသမလေးအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၁ နှစ်အရွယ်ကောင်မလေးကတော့ လူမှုကွန်ယက်အသုံးပြုသူတွေကို ဆွဲဆောင်ထားနိုင်ပြီး တရုတ်လူမှုကွန်ယက်ဗီဒီယိုအက်ပလီးကေးရှင်း Douyin မှာ ပရိသတ် ၇.၂ သန်း ကျော်ပိုင်ဆိုင်ထားပါတယ်။ ဟွေ့ရန်ဆိုတဲ့ ရုပ်ရည်ချောမောလှတဲ့ ကောင်မလေးပါပဲ။ သူက ရှင်းကျန်း-ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နေထိုင်ပြီး သူ့မိသားစုရဲ့သိုးခြံလုပ်ငန်းအတွက် သိုးထိန်းသမလေးအဖြစ် အလုပ်လုပ်ကိုင်နေတာပါ။

ဟွေ့ရန်က “The Sheep of Gray Wolf” အမည်နဲ့ Douyin အကောင့်ဖွင့်ထားပြီး သိုးထိန်းသမလေးအဖြစ် သူ့ရဲ့နေ့စဉ်ဘဝဗီဒီယိုတွေကို တင်လေ့ရှိပါတယ်။ သူ့ရဲ့ပရိသတ်တွေကို သိုးထိန်းတာ၊ သိုးတွေကို ဂရုတစိုက်စောင့်ရှောက်တာ၊ ငါးဖမ်းတာတွေအပါအဝင် အကြောင်းအရာအမျိုးမျိုးကို တင်ဆက်ပေးပါတယ်။

ဟွေ့ရန်က သူ့မိဘတွေပိုင်ဆိုင်တဲ့ သိုးခြံထဲကို ၂၀၁၈ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပြီး သိုးတွေနဲ့အတူ နေထိုင်ပါတယ်။ သူ့ရဲ့တစ်နေ့တာအလုပ်က သိုးအကောင်ရေ (၆၀၀) ဝန်းကျင်ကို စောင့်ရှောက်ပေးရတယ်။ သိုးမွေးနုတွေစုဆောင်းပေးရပါတယ်။

သူ့ရဲနေ့စဉ်ဘဝအကြောင်း ဗီဒီယိုတွေစပြီးတင်ခဲ့တာကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကပါ။ (၈) မိနစ်အတွင်း သိုးတစ်ကောင်ကို သတ်ပြီး အရေခွံနွှာတဲ့ ဗီဒီယိုကို ဖေဖော်ဝါရီလမှာ တင်ခဲ့ပြီးနောက် သူ့ရဲ့Douyin အကောင့်ကို လူစိတ်ဝင်စားမှုများလာခဲ့ပါတယ်။ သူ့ရဲ့ရုပ်ရည်အသွင်အပြင်နဲ့ သူ့ရဲ့သိုးထိန်းအလုပ်ကြား ခြားနားမှုရှိနေတာကြောင့် သူ့ရဲ့ဗီဒီယိုတွေက လူသိများသွားခဲ့တာဖြစ်တယ်လို့ ဟွေ့ရန်က ခန့်မှန်းပြောဆိုထားပါတယ်။

သူ့ကိုယ်သူ ကောင်မလေးငယ်လေးအဖြစ် ယူဆထားတဲ့အတွက် သူ့ရဲ့ဗီဒီယိုကြည့်ရှုကြသူတွေက သူ့ကို ရက်စက်တဲ့သားသတ်သမားအဖြစ် မမြင်ကြဖို့ ဟွေ့ရန် မျှော်လင့်နေပါတယ်။

Ref: 21-year-old woman shepherd in China dubbed ‘gentle desert butcher’ goes viral on Douyin

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top