နာမည်ကျော်အဆိုတော်ဂျနီဖာ လိုပက်ဇ်ဟာ American Music Awards စင်မြင့်ထက်ကို ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ သူဟာ အခုနှစ် American Music Awards မှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ကလည်း ဒီဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တာကြောင့် အခုဆို ၁၀ နှစ်အကြာမှာ ဒုတိယအကြိမ်မြောက်အဖြစ် ဒီဆုပေးပွဲရဲ့အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်မှာလည်းဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်က ဂျနီဖာ လိုပက်ဇ်ဟာ သီချင်းတစ်ပုဒ်နဲ့ ကပြဖျော်ဖြေကာ ဆုပေးပွဲကို ဖွင့်လှစ်ပေးခဲ့တာပါ။ AMAs မှာ သူ့ရဲ့ပထမဆုံးဖျော်ဖြေတင်ဆက်မှုကတော့ ၂၀၀၁ ခုနှစ်ကပါ။ သူဟာ ဆုပေးပွဲမှာ ဖျော်ဖြေတင်ဆက်ခဲ့တာအပြင် ၂၀၀၃ ခုနှစ်၊ ၂၀၀၇ ခုနှစ်၊ ၂၀၁၁ ခုနှစ်တွေမှာလည်း AMA ဆုတွေရရှိခဲ့ပါတယ်။
အခုနှစ်ဆုပေးပွဲကို မေလ ၂၆ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
Ref: Jennifer Lopez to Host 2025 American Music Awards — 10 Years After Hosting in 2015
WL ( ရိုးရာလေး)