အစ္စရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၄ ဦးသေ၊ ၁၅၀ ဒဏ်ရာရခဲ့

s4.reutersmedia.net_.jpg

ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အသိမှတ်ပြုမှုအပေါ် မကျေနပ်လို့ ဒီဇင်လဘာလ ၁၅ ရက်နေ့၊ သောကြာနေ့မှာ ပါလက်စတိုင်းတို့ ဆန္ဒပြခဲ့ရာ အစ္စရေးတပ်ဖွဲ့ ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း လူမျိုး ၄ ဦးသေဆုံးသွားခဲ့ပြီး ၁၅၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဆေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဂျေရုဆလင်မြို့ကို အစ္စရေးတို့ရဲ့ မြို့တော်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အသိမှတ်ပြုခဲ့မှုအပေါ် မကျေနပ်တာကြောင့် ပါလက်စတိုင်းတို့ဟာ ဒုတိယသီတင်းပတ်မြောက် ဆန္ဒပြချိန်မှာ အစ္စရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေဆုံခဲ့တာဖြစ်ပါတယ်။ ထိခိုက်ပျက်စီးမှုတွေ ဟာ ဂါဇာကမ်းမြောင်ဒေသမှာ အများဆုံးဖြစ်ခဲ့ပြီး ပါလက်စတိုင်း လူမျိုးထောင်ချီဟာ စုရုံးကာ ဆန္ဒပြမှုနဲ့ အတူ ခံတပ်နောက်က အစ္စရေးစစ်သားတွေကို ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့လို့ အစ္စရေးတပ်ဖွဲ့တွေက တုံပြန်ခဲ့တာဖြစ်ပါတယ်။ ဒါအပြင် အနောက်ဘက်ကမ်းခြေမှာလည်း ပါလက်စတိုင်တို့ ဆန္ဒပြခဲ့ရာ ပစ်ခတ်မှုတွေကြောင့် နှစ်ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာခဲ့တယ်လို့ ဆေး အဖွဲ့ ကပြောပါတယ်။

ပါလက်စတိုင်း ဆန္ဒပြသူတွေဟာ ကျောက်တုံးတွေနဲ့ ပစ်ခတ်မှုအပြင် ဓါးနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ပါလက်စတိုင်း ဆန္ဒပြသူအချို့ ဟာ အသေခံဗုံးခွဲ တိုက်ခိုက်ရာ မှာဝတ်ဆင်တဲ့ ခါးပတ်ကိုလည်း ဝတ်ဆင်ခဲ့တယ်လို့ မျက်မြင်သက်သက်တွေက ပြောပါတယ်။ ပါလက်စတိုင်းဆေးအဖွဲ့တွေကတော့ ခါးပတ်တွေ ဟာ အတုတွေ သာဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန် သမ္မတဒေါ်နယ်ထရမ့် ရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေအပြင် ရုရှားနိုင်ငံတို့ကလည်း စိုးရိမ်မိတယ်လို့ပြောပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့မှာ ကြေညာခဲ့တဲ့  ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို အာရပ် နဲ့ မွတ်စလင်ကမ္ဘာနိုင်ငံ တွေကလည်း စိတ်ဆိုးနေတယ်လို့ သိရပါတယ်။ အစ္စရေး စစ်တပ်ရဲက ပြောကြားချက်အရတော့ သောကြာနေ့က ပါလက်စတိုင်းဆန္ဒပြသူ  ၃၅၀၀ ခန့် စုရုံးခဲ့ကြတယ် လို့သိရပါတယ်။

Ref : CNA : Israeli troops kill 4 Palestinians, wound 160 in protests over Jerusalem

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top