ဆာရီကို အလံလွှင့်ပြီး ရထားပေါ်လူရာချီကို အသက်ကယ်နိုင်ခဲ့သူ

6-4-2022-yyl-32.jpg

သတ္တိကောင်းတဲ့ အမျိုးသမီးတစ်ဦးဟာ ရထားလမ်း ပြတ်နေတာကို သတိထားမိပြီးနောက် အနီရောင်ဆာရီကို အလံလွှင့်ပြီး ရထားပေါ်က လူရာပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒက်ရှ်ပြည်နယ်မှာ နေထိုင်တဲ့ ဥမ္မာဝတီဒေဝီဟာ အလုပ်သွားဖို့ ရထားလမ်းပေါ်ဖြတ်နေချိန်မှာ ရထားလမ်း ပြတ်နေတာကို သတိပြုမိခဲ့ပါတယ်။

ဒီလို အခြေအနေက အန္တရာယ်ကြီးတယ်လို့ ကြားဖူးနားဝရှိတဲ့ ဥမ္မာဝတီဟာ ရထားလမ်းပေါ်မှာ သူ့ရဲ့ဆာရီကို ဖြန့်ကားလွှင့်ထူပြီး ရထားရပ်တန့်အောင် လုပ်နိုင်ခဲ့ပါတယ်။ သူ့ကို မြင်တဲ့ ရထားစက်ခေါင်းမောင်းကလည်း အချိန်မီ ရပ်တန့်နိုင်ခဲ့လို့ ဝမ်းနည်းစရာ အဖြစ်ဆိုးကို ရှောင်လွှဲနိုင်ခဲ့တာပါ။ ရဲစွမ်းသတ္တိရှိတဲ့ ဥမ္မာဝတီရဲ့ လုပ်ရပ်ကို လေးစားလို့ ရထားစက်ခေါင်းမောင်းက သူ့ကို ရူပီး ၁၀၀ ပေးပေမဲ့ ဥမ္မာဝတီကတော့ လက်မခံခဲ့ပါဘူး။

Ref: Goodnews “Woman Ensures Safety of Passengers By Waving Her Red Sari to Stop a Train After Spotting Broken Track”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top