သမီးရဲ့တိုက်တွန်းမှုကြောင့် “Mulan” ဇာတ်ကားမှာ ဧကရာဇ်တစ်ပါးအဖြစ် ပါဝင်ဖြစ်ခဲ့တဲ့ ဂျက်လီ

jetli-mulan.jpg

ရုပ်ရှင်ဇာတ်ကားတွေမှာ မမြင်တွေ့ရတာကြာပြီဲဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စွယ်စုံရမင်းသားကြီး ဂျက်လီဟာ Disney ရဲ့ အန်နီမေးရှင်းဇာတ်ကား Mulan ကို ပြန်လည်အသက်သွင်းထားတဲ့ ရုပ်ရှင်ကားမှာ ဧကရာဇ်တစ်ပါးအနေနဲ့ ပါဝင်ထားပါတယ်။ ဒါပေမဲ့ သူဟာ ဧကရာဇ်ဇာတ်ရုပ်ကို သရုပ်ဆောင်ရတာမပျော်ဘူးလို့ပြောပါတယ်။

ဂျက်လီက သူ့ဝတ်စုံက လှုပ်လို့မရအောင် ကိုးရိုးကားရားနိုင်ပြီး သက်တောင့်သက်သာ မရှိဘူးဆိုတာကို အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ “လူတွေက ဘာလို့ ဧကရာဇ်ဖြစ်ချင်ကြတာလဲဆိုတာကို ကျွန်တော် တကယ်သိချင်မိတယ်။ ကျွန်တော် အချုပ်အနှောင်တွေမရှိတဲ့ လွတ်လပ်မှုကို ပိုလိုလားတယ်”လို့ ဆိုပါတယ်။ သူ့ရဲ့ဝတ်စုံက ခြောက်လွှာရှိပြီး တစ်လွှာချင်းဝတ်ဖို့အတွက် လူတော်တော်များများ လိုအပ်ခဲ့ပါတယ်။ “ဝတ်စုံဒီဇိုင်နာက အံ့သြလောက်စရာပါပဲ။ ကျွန်တော့်ရဲ့ဧကရာဇ်ဝတ်စုံက ခမ်းနားပါတယ်။ ဒါပေမဲ့ အရမ်းလေးလံတဲ့အတွက် ဝတ်မကြည့်ကြပါနဲ့” လို့ ဂျက်လီက ပြောထားပါသေးတယ်။

ဂျက်လီက Mulan ဇာတ်ကားမှာ ဘာလို့ ပါဝင်ဖြစ်ခဲ့တာလဲဆိုတာကိုလည်း ဖွင့်ဟထားပါတယ်။ သူ့ရဲ့သမီးလေး ဂျာဒါကြောင့် ဒီဇာတ်ကောင်ကို သရုပ်ဆောင်ဖြစ်ခဲ့တာပါလို့ ပြောပါတယ်။ အစက သူဟာ ဒီဇာတ်ရုပ်ကို သရုပ်မဆောင်ချင်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့သမီးက ဒီအကြောင်းကြားပြီး “တရုတ်ယဉ်ကျေးမှုကို ကမ္ဘာကြီးနဲ့အတူ မျှဝေနိုင်ရင် အဖေဂုဏ်ယူမှာမလား” “အဖေပိုက်ဆံမရှိလို့လား” “တရုတ်ယဉ်ကျေးမှုကို မြှင့်တင်ပေးနေတာမဟုတ်လား”ဆိုတဲ့ မေးခွန်း (၃) ခုကို မေးခဲ့ပါတယ်။

ဂျာဒါဟာ အနုပညာကြေးလုံလုံလောက်လောက် မရမှာဆိုးတဲ့အတွက် ဒီဇာတ်ရုပ်ကို သူ့အဖေ သရုပ်မဆောင်ချင်တာလို့ တွေးခဲ့တာပါ။ ဂျာဒါက Disney ဟာ တရုတ်ဇာတ်လမ်းကို တရုတ်မင်းသမီးနဲ့ ရိုက်ကူးဖို့အတွက် ငွေတော်တော် အကုန်အကျခံနေတာက တရုတ်ယဉ်ကျေးမှုကို မြှင့်တင်ပေးရာရောက်တယ်လို့ ယူဆခဲ့တာပါ။ ဂျက်လီက သူ့သမီးရဲ့မေးခွန်းတွေကိုကြားပြီး မှင်သက်မိခဲ့ပါတယ်။ သူ့သမီးရဲ့တိုက်တွန်းမှုကြောင့်ပဲ ဒီဇာတ်ရုပ်ကို ဂျက်လီက သရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။

ဝတ်စုံလေးလံတာအပြင် အင်္ဂလိပ်စာကြောင်းတွေကလည်း ဂျက်လီအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။ သူ့အတွက် အင်္ဂလိပ်စကားပြောရတာ မလွယ်ကူကြောင်းနဲ့ အခြားနိုင်ငံခြား ဘာသာစကားကို သင်ယူဖို့အတွက် အရမ်းပျင်းတယ်လို့ ဂျက်လီက ဇာတ်ကားရိုက်ကူးရမှာ အခက်အခဲဖြစ်တဲ့အရာကို ထုတ်ပြောခဲ့ပါတယ်။

အစက “Mulan” ဇာတ်ကားဟာ မတ်လကုန်မှာ ရုံတင်ပြသဖို့ စီစဉ်ထားပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ရုံတင်ပြသမယ့်ရက်ကို Disney က တရားဝင်ရွှေ့ဆိုင်းလိုက်ပါပြီ။

Ref: Jet Li’s daughter urged him to take up ‘Mulan’ role to promote Chinese culture

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top