Covid-19 ကြောင့် အိန္ဒိယနိုင်ငံရဲ့ နာမာစတေး နှုတ်ဆက်နည်းကို ပိုအသုံးပြုလာ

13-3-2020-yyl-013.jpg

Covid-19 ကူးစက်ပျံ့နှံ့မှုကို တားဆီးမှုတစ်ရပ်အနေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအပါအဝင် လူတော်တော်များများက အိန္ဒိယနိုင်ငံရဲ့ နာမာစတေး နှုတ်ဆက်နည်းကို ပိုအသုံးပြုလာကြပါတယ်။ ပုံမှန်အားဖြင့် ကမ္ဘာတစ်ဝန်းမှာ လူတစ်ယောက်နဲ့တစ်ယောက် တွေ့တဲ့အခါ လက်ဆွဲနှုတ်ဆက်တာ၊ ပွေ့ဖက်တာ၊ ပါးကိုနမ်းပြီး နှုတ်ဆက်တာမျိုး လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းတွေနဲ့ နှုတ်ဆက်ရင် Covid-19 ကူးစက်ခံရမှာကို စိုးရိမ်ပူပန်လာကြလို့ လက်အုပ်ချီပြီး နှုတ်ဆက်တဲ့ အိန္ဒိယနိုင်ငံရဲ့ နာမာစတေးနှုတ်ဆက်နည်းကို အသုံးပြုလာကြတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ဗြိတိန်နိုင်ငံရဲ့ ချားလ်မင်းသားတို့ နာမာစတေး နှုတ်ဆက်နည်းအတိုင်း နှုတ်ဆက်နေကြတဲ့ ပုံရိပ်တွေက အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top