အသားအရေသန့်ရှင်း ကြည်လင်စေဖို့ ခရမ်းချဉ်သီး အသုံးပြုနည်းလေးများ

Tomatolarge.jpg

ခရမ်းချဉ်သီးဟာ အသားအရေမညီမညာဖြစ်ခြင်းကို ညီညာအောင် ထိန်းညှိပေးနိုင်တဲ့ စွမ်းရည်ရှိပြီး လေထုညစ်ညမ်းခြင်းနဲ့ နေရောင်ခြည်ကြောင့် ပျောက်ဆုံးသွားတဲ့ မျက်နှာပြင်ပေါ်က သဘာဝအတိုင်း တောက်ပမှုကို ထိန်းသိမ်းပေးနိုင်စွမ်းရှိပါတယ်။

ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ပမာဏအလုံအလောက် ပါဝင်တာကြောင့် အသားအရေကို ဝင်းလဲ့တောက်ပစေပါတယ်။ သကြား၊ ဆားလို တခြားပါဝင်ပစ္စည်းများနဲ့ ပေါင်းစပ်အသုံးပြုရင် ပိုမိုကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ရလာနိုင်ပါတယ်။ မျက်နှာပြင်ပေါ်မှာ ခရမ်းချဉ်သီး ဖျော်ရည်ကို လိမ်းပေးရင် ဝက်ခြံနဲ့ အမာရွတ်များကို ဖယ်ရှားရှင်းလင်းပေးပြီး အသားအရေကို ပိုမိုဖြူဖွေး လာနိုင်စေပါတယ်။

၁။ အမြဲတမ်း ကြည်လင်တဲ့အသားအရေ ရရှိဖို့ ခရမ်းချဉ်သီး Face Mask

– ဒီ Face mask လေးအတွက်ဆိုရင် ကြိတ်ခြေထားတဲ့ ခရမ်းချဉ်သီး၊ အုတ်ဂျုံမှုန့်နဲ့ ဒိန်ခဲတို့ လိုအပ်ပါတယ်။ ပထမဆုံးကြိတ်ခြေထားတဲ့ ခရမ်းချဉ်သီး၊ အုတ်ဂျုံမှုန့်တို့ကို ရောမွှေလိုက်ပါ။

– ပြီးရင် ဒိန်ခဲထည့်ပြီး ကိုယ်လိုချင်တဲ့ face mask ရအောင် သေချာစွာ မွှေလိုက်ပါ။

– ပြီးရင်တော့ မျက်နှာနဲ့ လည်ပင်းမှာ သုတ်လိမ်းပြီး အနည်းဆုံး မိနစ်၂ဝလောက် ထားထားပါ။ ပြီးရင် ပြောင်စင်အောင် ဆေးကြောသန့်စင်လိုက်ပါ။ ဒီ face mask ဟာ နေလောင်ဒဏ်ကြောင့် အသားအရေ ညိုမည်းခြင်းကို ဖယ်ရှားရှင်းလင်းပေးရာမှာ ကူညီနိုင်ပါတယ်။

– နေလောင်ခြင်းကြောင့် အသားအရေညိုမည်းခြင်းကို ဖယ်ရှားနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခု ရှိပါသေးတယ်။ ကြိတ်ခြေထားတဲ့ ခရမ်းချဉ်သီးထဲကို သံပုရာရည်ရောထည့်ပါ။

– နေလောင်တဲ့နေရာတွေမှာ သုတ်လိမ်းပေးပြီး ခြောက်တဲ့အထိ ထားထားပါ။ ပြီးရင် ရေနဲ့ တို့သုတ်ပေးပြီး ပြောင်စင်အောင် မဆေးချသေးခင် scrub လုပ်ပေးပါ။

၂။ ခရမ်းချဉ်သီးနဲ့ scrub လုပ်ခြင်း။

– ဒီနည်းလမ်းကို ပြုလုပ်မယ်ဆိုရင် ခရမ်းချဉ်သီးနဲ့ သကြားလိုအပ်ပါမယ်။

– ပန်းကန်လုံးတစ်လုံးထဲ သကြားထည့်ပြီး ခရမ်းချဉ်သီးတစ်ခြမ်းကိုယူလိုက်ပါ။ ပြီးရင် ခရမ်းချဉ်သီးကို သကြားပန်းကန်ထဲ နှစ်လိုက်ရင် ခရမ်းချဉ်သီးမှာ သကြားလေးတွေ ကပ်နေပါလိမ့်မယ်။

– ပြီးရင်တော့ မျက်နှာပေါ်မှာ ငြင်သာစွာ နှိပ်နယ်ပေးလိုက်ပါ။ ဒီလိုပြုလုပ်ပေးခြင်းဟာ အသားအရေရဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးရာမှာ အကျိုးကျေးဇူးများ ရရှိစေပါလိမ့်မယ်။

၃။ ဝက်ခြံများအတွက် ခရမ်းချဉ်သီးအသုံးပြုခြင်း

– ဒီနည်းလမ်းလေးအတွက် ခရမ်းချဉ်သီးတစ်လုံး၊ သံပုရာသီးတစ်လုံးနဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ဂွမ်းစ ပါဝင်တဲ့ နားဖာကလော်တံတစ်ချောင်း လိုအပ်ပါတယ်။

– အရင်ဆုံး ခရမ်းချဉ်သီးဖျော်ရည် လက်ဖက်ရည်ဇွန်း၂ဇွန်းနဲ့ သံပုရာဖျော်ရည် လက်ဖက်ရည်ဇွန်း၂ဇွန်းတို့ကို ရောမွှေလိုက်ပါ။

– မွှေပြီးရင် ဂွမ်းတံကို နှစ်ပြီး စုပ်ယူလိုက်ပါ။ အဲဒီဂွမ်းတံနဲ့ ဖြည်းဖြည်းချင်း သုတ်လိမ်းပေးပြီး မျက်နှာပေါ်မှာ အဆက်မပြတ် နှိပ်နယ်ပေးပါ။

– ပြီးရင် ၁၅မိနစ်လောက် ထားထားပြီး ရေအေးအေးနဲ့ ဆေးကြောပေးလိုက်ပါ။

Ref : Beauty : How to Use a Tomato to Clean Your Skin
Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top