နဂါးမောက်သီး နဲ့ အသားအရေ Glow ကြမယ်

18-8-2020-yyl-001.jpg

နဂါးမောက်သီး ဆိုတာနဲ့ နှလုံးအတွက် ကောင်းတယ်၊ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ အများကြီး ပါဝင်တယ် စသဖြင့် ကျန်းမာရေးကောင်းကျိုးတွေ ရှိတယ် လို့ လူတော်တော်များများက တွဲသိထားပြီးသားပါ။ ဒီတစ်ခါတော့ ဆေးဖက်ဝင် နဂါးမောက်သီးနဲ့ အသားအရေ လှအောင် ဘယ်လိုလုပ်လို့ရလဲ ဆိုတာ မသိချင်ကြဘူးလား…
နဂါးမောက်သီး နဲ့ ဘယ်လို skin care ကြမလဲ

အသားအရေထိန်းသိမ်းတဲ့အခါ ဒီအသီးကို သုံးဖို့ နှမျောမနေနဲ့ဦးနော်။ အခုဆို စျေးကြီး၊ ရှားပါးတဲ့ အသီး မဟုတ်တော့ဘဲ အလုံးအရွယ်အစား၊ ခြံထွက်ရောင်းစျေးကို မူတည်ပြီး အမြဲလိုလို ဝယ်လို့ ရနေသလို စျေးလည်း အတော်သက်သာနေပါပြီ။

အသားအရေ အလှအပ အတွက် အကျိုးကျေးဇူးတွေကို သိရရင် နှမျောစိတ်တွေ ဖြစ်တော့မှာ မဟုတ်ပါဘူး။ တကယ့် Skincare ပစ္စည်းတွေ ဝယ်တာကမှ သူ့ထက် အများကြီး ပိုကုန်နိုင်တာကိုး။

နဂါးမောက်သီးက အသား ဘာလို့ လှစေတာလဲ

အဖြူသီးဖြစ်ဖြစ်၊ အနီသီးဖြစ်ဖြစ် နဂါးမောက်သီးမှာ ဗီတာမင် တွေနဲ့ အာဟာရဓာတ်တွေ အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှု များလို့ အကျိုးကျေးဇူး များလှပါတယ်။ ဘယ်လိုမျိုးလဲ ဆိုတော့ –

(၁) နေလောင်တာကို ကုစားပေးနိုင်တယ်

နေလောင်ထားတဲ့ အသားအရေကို ပြန်လည် ကုစားပေးရာမှာ နဂါးမောက်သီး က ဆေးတစ်ခွက် ဖြစ်နိုင်ပါတယ်။ သူ့မှာ ဗီတာမင် B3 ကြွယ်ဝလို့ နေလောင်ထားတဲ့ အသားအရေကို သက်သာစေနိုင်ပြီး ပြင်းထန်ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်တဲ့ အသားနီမြန်းတာ၊ ရောင်ရမ်းတာ၊ ယားယံတာ စတဲ့ ထိခိုက်မှုတွေကို အမြန်သက်သာစေနိုင်ပါတယ်။

(၂) ဝက်ခြံ သက်သာစေနိုင်တယ်

နဂါးမောက်သီး ရဲ့ အသားတွေကို ချေပြီး မျက်နှာမှာ ပေါင်းတင်မယ် ဆိုရင် ဝက်ခြံ တွေကို လျော့ပါးစေတယ်၊ ထပ်မဖြစ်အောင် တားဆီးနိုင်တယ်လို့ ဆိုကြပါတယ်။ ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုကြောင့်ပေါ့။

(၃) အသားအရောင်ကို Glow စေတယ်

ဗီတာမင် C ပါဝင်မှု ကြောင့် အသားအရေ မွဲခြောက်ခြင်း ကနေ ကာကွယ်ပေးပြီး အသစ်ပြန်လည် လှပစေနိုင်ပါတယ်။ နဂါးမောက်သီးကို ဖျော်ရည်လုပ်သောက်တာ၊ အသီးစားတာ၊ အသားအရေ ပေါင်းတင်တာ (မျက်နှာရော၊ ခန္ဓာကိုယ်ပါ)တွေက အသားကို glow စေမှာ သေချာပါတယ်။

(၄) အရွယ်မတိုင်မီ ရင့်ရော်ခြင်းကို ကာကွယ်ပေးတယ်

နေထိုင်စားသောက်မှုပုံစံ မမှန်တာ၊ အိပ်ရေးပျက်တာ၊ free radical ကြောင့် ထိခိုက်တာ၊ နေရောင်ခြည်ကြောင့် ထိခိုက်တာ တွေကြောင့် အရေပြားရဲ့ ရင့်ရော်မှုဖြစ်စဉ်ကို မြန်စေပြီး အရွယ်မတိုင်မီ ရုပ်ရင့်စေတတ်ပါတယ်။ အသက်နဲ့ မလိုက်အောင် အရေးအကြောင်းတွေ ဖြစ်တာ၊ အသက်ပိုကြီးသလို ထင်ရတာတွေက ဒါ့ကြောင့်ပေါ့။

ဒီလိုတွေမဖြစ်ဘဲ အရွယ်တင် နုပျိုစေဖို့ နဂါးမောက်သီး ရဲ့ အာဟာရဓာတ်တွေက ကူညီအားဖြည့်ပေးနိုင်ပါတယ်။ နဂါးမောက်သီးတစ်ခြမ်းကို အတွင်းသားတွေ ထုတ်ပြီး ဒိန်ချဉ် နည်းနည်းနဲ့ ရောမွှေပါ။ မျက်နှာနဲ့ လည်ပင်းကို လိမ်းပြီး မိနစ် ၂၀ထားပါ၊ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပါ။

(၅) သဘာဝ moisturizer အာနိသင် ရှိတယ်

နဂါးမောက်သီး မှာ ရေဓာတ် ၈၀ ရာခိုင်နှုန်း ပါဝင်ပြီး အသားအရေ အတွက် လိုအပ်တဲ့ ဗီတာမင်တွေ ကြွယ်ဝတာကြောင့် အစိုဓာတ်ထိန်းပေးနိုင်စွမ်း ရှိပါတယ်။

အပေါ်မှာ ပြောခဲ့သလို မျက်နှာမှာ လိမ်းပြီး ပေါင်းတင်လိုက်ရုံနဲ့ အသားအရေမှာ အစိုဓာတ်၊ ရေဓာတ်ကို တစ်ခါတည်း ဖြည့်တင်းပေးနိုင်ပါလိမ့်မယ်။

လှချင်ပါသလား နဂါးမောက်သီးစား လို့ပဲ ပြောရမလားပဲ။ ဘယ်လိုပြောရမလဲ…ဆေးဖက်ဝင်တဲ့အပြင် အသားပါ လှစေနိုင်တဲ့ နဂါးမောက်သီးကို စားလည်းစား၊ skin လည်း care ပေါ့နော်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top