အလှအပအတွက် ဘက်စုံအသုံးဝင်တဲ့ ရှားစောင်းလက်ပတ်

43494484_278781162972414_1458497054643847168_n.jpg

အသားခြောက်တတ်တဲ့သူ၊ ဝက်ခြံပေါက်ပြီး အမာရွတ်ကျခဲ့တဲ့သူတွေနဲ့ အသားအရေ တင်းတင်းရင်းရင်းလေး ဖြစ်ချင်တဲ့သူတွေအတွက်တော့ ရှားစောင်းလက်ပတ်က ဆရာတစ်ဆူပါပဲ။

အခုနောက်ပိုင်း (၉၉%) ရှားစောင်းလက်ပတ်နဲ့ ပြုလုပ်ထားတဲ့ ဂျယ်လ်တွေလည်း ဈေးကွက်ထဲ ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ဝယ်လို့ရနေပြီမို့ အရမ်းအဆင်ပြေလာပါတယ်။ ဆိုတော့ သင်မသိလောက်သေးတဲ့ ရှားစောင်းလက်ပပ်ရဲ့ ဘက်စုံ အသုံးဝင်ပုံတွေကို ဒီဆောင်းပါးလေးကနေ တစ်ဆင့် ပြောပြပေးချင်ပါတယ်။ ဆက်ကြည့်လိုက်ကြရအောင်ပါ။

နေလောင်ကွက်တွေအတွက်

နေလောင်ကွက်တွေအတွက်ချည်းပဲ မဟုတ်ပါဘူး။ ရှားစောင်းလက်ပတ်ကို အသားအရေ ဖူးရောင် နီရဲတာမျိုးနဲ့ အသားအရေ ယားယံတဲ့အခါမျိုးတွေမှာလည်း သုံးလို့ရပါတယ်။ ရှားစောင်းလက်ပတ်အနှစ်ကို ရေနဲ့ရောပြီး ရေခဲတုံးလေးတွေ ပြုလုပ်ပေးလိုက်ပါ။ ပြီးရင်တော့ မိမိ နှစ်သက်ရာနေရာမှာ ပွတ်လိမ်းပေးလို့ရပါတယ်။ အညောင်းအညာပြေပြီး ချောမွတ်သွားတဲ့ အထိအတွေ့ကို ခံစားရစေနိုင်ပါတယ်။

ဗောက်ပျောက်ချင်ရင်

သံပရာရည်နဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ရောပြီး ဗောက်ဖြစ်နေတဲ့ ဦးရေပြားပေါ်မှာ လိမ်းပေးခြင်းဖြင့်လည်း ဗောက်တွေကို ဖယ်ရှားပေးလို့ရပါတယ်။ ခေါင်းမလျှော်ခင် ၎င်းအရောအနှောကို ဦးရေပြားပေါ် မိနစ် (၃၀) လောက်လိမ်းထားပြီး ရေဆေးချလိုက်ရုံပါပဲ။

ဝက်ခြံ

ညအိပ်ယာမဝင်ခင် ရှားစောင်းလက်ပတ်ဂျယ်လ်ကို မျက်နှာပေါ်က ချွေးပေါက်ကျယ်တဲ့ နေရာတွေနဲ့ ဝက်ခြံ၊ အမာရွတ် ကျန်ခဲ့တဲ့ နေရာတွေကို ခပ်များများလေး လိမ်းပေးခြင်းဖြင့် ဝက်ခြံတွေကို သိသိသာသာ လျော့ပါးလာစေပြီး အသားအရေ တင်းရင်းလာစေပါတယ်။

ခြေဖဝါးကွဲတတ်သူတွေအတွက်

ခြေဖဝါးကွဲပြီး ကြမ်းရှရှဖြစ်နေလို့ စိတ်ညစ်လှပြီ။ ဘေဘီလေးတွေလို နူးညံ့ပြီး ချောမွေ့တဲ့ ခြေဖဝါးတစ်စုံကို ပိုင်ဆိုင်ချင်လှပြီဆိုရင်တော့ ရှားစောင်းလက်ပတ် အနှစ်နဲ့ သံပရာရည် အရောအနှောကို ခြေဖဝါးလေးတွေမှာ ပွတ်လိမ်းပေးပါ။ (၂-၃) မိနစ်လောက် ပွတ်လိမ်းပေးပြီးရင်တော့ (၁၀) မိနစ်လောက်ထားပြီး ရေနွေးလေးနဲ့ ဆေးချလို့ရပါပြီ။

ဆံပင်လည်း အရှည်မြန်စေပါတယ်

သိသိသာသာ ဆံပင် အရှည်မြန်ချင်တယ်။ ပျော့ပြောင်း နူးညံ့ပြီး တောက်ပတဲ့ ဆံကေသာကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ ရှားစောင်းလက်ပတ်ဂျယ်လ်ကိုပဲ ပုံမှန်လေး အသုံးပြုပေးပါ။ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ခေါင်းမလျှော်ခင် ဆံသားမှာ နာရီဝက်လောက် လိမ်းထားပြီး ရေနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။

Ref: Pinterest “5 BEST BEAUTY TIPS USING ALOE VERA”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top