ဂျွန် လင်နွန်ရဲ့ဂစ်တာကို ဒေါ်လာ ၂.၆ သန်းကျော်နဲ့ ဈေးအမြင့်ဆုံး Beatles အမှတ်တရပစ္စည်းအဖြစ် စံချိန်တင်ရောင်းချနိုင်ခဲ့

31.5.24-yyl-၂.jpg

တစ်ခေတ်တစ်ခါက ကမ္ဘာကျော်အဆိုအဖွဲ့ Beatles အဖွဲ့ဝင် ဂျွန်လင်နွန်ရဲ့ ဂစ်တာကို ဒေါ်လာ ၂.၆ သန်းကျော်နဲ့ ရောင်းချနိုင်ခဲ့ပြီးတဲ့နောက်မှာ ဈေးအမြင့်ဆုံး Beatles အမှတ်တရပစ္စည်းအဖြစ် စံချိန်ချိုးခဲ့ပါတယ်။ ဒီ ၁၂ ကြိုး Hootenanny Acoustic ဂစ်တာကို Beatles အဖွဲ့ရဲ့ ၁၉၆၅ ခုနှစ် အယ်ဘမ်တွေဖြစ်တဲ့ Help နဲ့ Rubber တွေမှာ ဂျွန်လင်နွန် အသုံးပြုခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ် ၅၀ အထိ ဒီဂစ်တာကို အသုံးမပြုဘဲ ရှိနေခဲ့တာပါ။

ဂျွန်လင်နွန်က ၁၉၆၅ ခုနှစ်ကုန်ပိုင်းမှာတော့ ပေါ့ပ်အဆိုအဖွဲ့ Peter & Gordon ရဲ့ ဂျော်ဒန် ဝေါလာကို လက်ဆောင်အဖြစ် ဒီဂစ်တာကို ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဂျော်ဒန်က သူ့ရဲ့မန်နေဂျာကို လက်ဆင့်ကမ်းပေးခဲ့တယ်လို့ ဆယ်လီတွေရဲ့ပစ္စည်းတွေကို ရောင်းချတဲ့ Julien’s Auctions အရသိရပါတယ်။

ဒီဂစ်တာကို မေလ ၂၉ ရက်နေ့က နယူးယောက်မြို့ရှိ Hard Rock Cafe မှာ လေလံတင်ရောင်းချခဲ့တာပါ။ ဒီဂစ်တာကို ရောင်းချခဲ့ဖူးတဲ့ ဂစ်တာတွေထဲ ၅ ခုမြောက်ဈေးအကြီးဆုံးဂစ်တာဖြစ်ခဲ့ပါတယ်။ နှစ် ၅၀ ကျော်အကြာမှာ ဒီဂစ်တာကို ဘယ်လိုတွေ့ရှိခဲ့လဲဆိုတာကိုတော့ Julien’s Auctions က ထုတ်ပြောပြထားခြင်းမရှိခဲ့ပါဘူး။

Ref: John Lennon’s guitar sells for $2.6m, breaks record for highest-selling piece of Beatles memorabilia

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top