ကမ္ဘာ့အကြီးမားဆုံး ကာကွယ်ဆေးထုတ်လုပ်ရေးစက်ရုံမီးလောင်ခဲ့ပေမဲ့ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှုအပေါ် သက်ရောက်မှုမရှိ

22-1-2021-yyl-14.jpg

စက်ရုံမီးလောင်ခဲ့ပေမဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်မှုတွေကို ထိခိုက်မှုမရှိဘူးလို့ အိန္ဒိယနိုင်ငံရဲ့ ကမ္ဘာ့အကြီးမားဆုံး ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီ Serum Institute of India က ပြောပါတယ်။

အိန္ဒိယနိုင်ငံအနောက်ပိုင်း ပူနီမြို့မှာ တည်ရှိတဲ့ ကမ္ဘာ့အကြီးမားဆုံး ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီ Serum Institute of India မှာ မီးလောင်ကျွမ်းခဲ့လို့ လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲပိုင်းက ‌ဆောက်လုပ်စ အဆောက်အအုံမှာ မီးစတင်လောင်ကျွမ်းခဲ့တာပါ။ မီး‌လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ ခွဲခြားဖော်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။

Covishield ကိုဗစ်ကာကွယ်ဆေး အများအပြား ထုတ်လုပ်နိုင်တဲ့ စက်ရုံအဆောက်အအုံတွေ ရှိနေလို့ ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိတဲ့အတွက် ကာကွယ်ဆေးထုတ်လုပ်မှုကို ထိခိုက်စေမှာမဟုတ်ဘူးလို့ Serum Institute ရဲ့ အမှုဆောင်ချုပ် ပူနာဝါလာက ပြောပါတယ်။

Ref: BBC ” Serum Institute: Fire at world’s largest vaccine producer kills five “
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top