ကုန်ပစ္စည်းတွေကို ငှက်ပျောရွက်နဲ့ ထုပ်ပိုးရောင်းချနေတဲ့ ထိုင်းနိုင်ငံက စူပါမားကတ်

t0.jpg

ပလပ်စတစ်တွေက ကျွန်တော်တို့ကို နည်းအမျိုးမျိုးနဲ့ အန္တရာယ်ပေးနေပါတယ်။ ဈေးချိုပြီး အလွယ်တကူရနိုင်တဲ့ အဲဒီပလပ်စတစ်တွေက လူသားတွေရဲ့ခန္ဓာကိုယ်ကိုသာမက သမုဒ္ဒရာနဲ့ ပင်လယ်ထဲက သတ္တဝါတွေကိုလည်း အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဆယ်စုနှစ်တစ်စုကျော်ကတည်းက ပလပ်စတစ်တွေက အမျိုးသားတွေအတွက် မျိုးအောင်နိုင်မှုနှုန်း အားနည်းတာ နဲ့ အမျိုးသမီးတွေအတွက် ရင်သားကင်ဆာဖြစ်ပွားတာတွေနဲ့ ဆက်စပ်မှုရှိနေတာကို ရှာတွေ့ထားခဲ့ပါတယ်။ အခုဆိုရင် အာရှနိုင်ငံတွေက တချို့စူပါမားကတ်တွေက ပလပ်စတစ်ကိုအသုံးမပြုတဲ့ ထုပ်ပိုးမှုပုံစံအသစ်နဲ့ ပြုလုပ်နေကြပါပြီ။

ထိုင်းနိုင်ငံက Rimping Market က ပလပ်စတစ်သုံးစွဲမှုကို လျော့ချပစ်ဖို့အတွက် မယုံကြည်နိုင်လောက်တဲ့ နည်းလမ်းတစ်ခုကို ဖန်တီးထားပါတယ်။ အဲဒါကတော့ ထုတ်ကုန်တွေကို ပလပ်စတစ်နဲ့ ထုတ်ပိုးမဲ့အစား ငှက်ပျောရွက်နဲ့ ထုတ်ပိုးထားတာဖြစ်ပါတယ်။ အဲဒီလို ထုပ်ပိုးတဲ့နည်းက ထင်သလောက်ကို အဆင်ပြေနေတဲ့ပုံပါပဲ။

ထိုင်းနိုင်ငံက Rimping Market က ပလပ်စတစ်သုံးစွဲမှုကို လျော့ချပစ်ဖို့အတွက် မယုံကြည်နိုင်လောက်တဲ့ နည်းလမ်းတစ်ခုကို ဖန်တီးထားပါတယ်

အခြားနိုင်ငံတွေက မားကတ်တွေကလည်း ဒီနည်းအတိုင်း ထုပ်ပိုးရောင်းချနေကြပါပြီ။ ဗီယက်နမ်က Lotte Mart ကလည်း သူတို့ရဲ့အသီးနဲ့ဟင်းသီးဟင်းရွက်တွေကို ငှက်ပျောရွက်နဲ့ ထုပ်ပိုးပြီး ပလပ်စတစ်အသုံးပြုတာကို လျော့ချနေပါတယ်။ ကြက်ဥတွေကိုလည်း ပလပ်စတစ်ဘူးနဲ့ထုပ်ပိုးမဲ့အစား စက္ကူဘူးနဲ့ ထုပ်ပိုးမှုတွေ ပြုလုပ်နေကြပါတယ်။

ဗီယက်နမ်က Lotte Mart ကလည်း သူတို့ရဲ့အသီးနဲ့ဟင်းသီးဟင်းရွက်တွေကို ငှက်ပျောရွက်နဲ့ ထုတ်ပိုးပြီး ပလပ်စတစ်အသုံးပြုတာကို လျော့ချနေပါတယ်

ပလပ်စတစ်အစား ငှက်ပျောရွက်ကို အသုံးပြုတာက အရမ်းကောင်းတဲ့ရွေးချယ်မှုပါပဲ။ ငှက်ပျောရွက်တွေက အော်ဂဲနစ်တွေဖြစ်ပြီး လုံးဝ ဆွေးမြေ့သွားနိုင်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် စူပါမားကတ်တွေက ထုတ်ကုန်တွေကို ထုတ်ပိုးရလွယ်တဲ့ ငှက်ပျောရွက်ကို အသုံးပြုတာဖြစ်ပါတယ်။ ဒါပေမဲ့ ပလပ်စတစ်သုံးစွဲမှုကို လျော့ချပစ်ဖို့ သိသိသာသာ လိုအပ်နေပါသေးတယ်။

Ref: Brightside “A Thai Supermarket Uses Banana Leaves Instead of Plastic Packaging, and This Small Step Changes a Lot”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top