ဂျက်စပဲရိုးဇာတ်ကောင်ဝတ်စုံနဲ့ စပိန်ဆေးရုံက ကလေးတွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ ဂျွန်နီဒက်ပ်

2.10.2024-yyl-2.jpg

မင်းသားကြီးဂျွန်နီဒက်ပ်ဟာ စပိန်နိုင်ငံမှာ the San Sebastian Film Festival ပွဲကို တက်ရောက်ရင်း Donostia University Hospital က ကလေးတွေဆီ ဂျက်စပဲရိုးဇာတ်ကောင်ဝတ်စုံဝတ်ဆင်ပြီးတော့ လာရောက်တွေ့ဆုံခဲ့ပါတယ်။ အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ ဂျွန်နီဒက်ပ်က အလုပ်ကိစ္စနဲ့လာတဲ့ကြားက အချိန်ပေးပြီးတော့ ကလေးလူနာတွေကို Surprise လုပ်ခဲ့တာပါ။

ကလေးအထူးကုနှင့် ကင်ဆာရောဂါကုဌာနမှာ ကုသနေတဲ့ ကလေးလူနာတွေနဲ့ ဂျွန်နီဒက်ပ်က စကားပြောကာ ဆော့ကစားပြီး ရယ်မောခဲ့ကြပါတယ်။ ဆေးရုံက ဂျွန်နီဒက်ပ် လာရောက်တဲ့ပုံတွေကို X (တွစ်တာ) အကောင့်မှာ တင်ခဲ့တာပါ။ ဂျွန်နီဒက်ပ်ဟာ အရင်တုန်းကလည်း ကမ္ဘာအနှံ့က ကလေးဆေးရုံတွေကို ဂျက်စပဲရိုးဝတ်စုံဝတ်ဆင်ပြီး အလည်သွားရောက်ခဲ့ဖူးပါတယ်။

Ref: Johnny Depp Surprises Kids at Hospital in Spain with Visit in Pirates of the Caribbean Costume

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top