သဘာဝပတ်ဝန်းကျင်ကို မထိန်းသိမ်းရင် တိရစ္ဆာန်က တစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ဖြစ်နေဦးမယ်လို့ ကုလသမဂ္ဂ သတိပေး

7-7-2020-yyl-001.jpg

သားရဲတိရစ္ဆာန်တွေကို ကာကွယ်ပေးဖို့၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ မလုပ်ဘူးဆိုရင် တိရစ္ဆာန်ကနေ လူတွေကို ကူးစက်နိုင်တဲ့ ရောဂါ(Zoonotic diseases)တွေ မြင့်တက်နေဦးမယ်လို့ ကုလသမဂ္ဂရဲ့ ကျွမ်းကျင်ပညာရှင်တွေက သတိပေးခဲ့ပါတယ်။ Covid-19 လို ရောဂါတွေ မြင့်တက်လာတာဟာ တိရစ္ဆာန်တွေရဲ့ အသားကို တောင်းဆိုမှုများပြားလာတာ၊ ရေရှည်အလုပ်မဖြစ်တဲ့ စိုက်ပျိုးရေးနည်းလမ်းတွေ အသုံးပြုတာ၊ ရာသီဥတုပြောင်းလဲတာ အစရှိတာတွေကြောင့်ဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

တိရစ္ဆာန်တွေကနေ လူတွေကို ကူးစက်စေနိုင်တဲ့ရောဂါတွေအပေါ် ပေါ့ဆမိလို့ တစ်နှစ်ကို လူ ၂ သန်း သေဆုံးနေရပါတယ်။ Covid-19 ကပ်ရောဂါကြောင့် ၂ နှစ်တာကာလအတွင်း ကမ္ဘာ့စီးပွားရေးကို အမေရိကန်ဒေါ်လာ ၉ ထရီလျံ( သန်း ၉ သန်း)ကုန်ကျဖွယ်ရှိနေပါတယ်။ အီဘိုလာ၊ West Nile နဲ့ Sars ဗိုင်းရပ်စ်တွေအားလုံးဟာ တိရစ္ဆာန်တွေမှာ စတင်ဖြစ်ပွားပြီး လူတွေကိုကူးစက်ခဲ့တဲ့ရောဂါတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အလိုအလျောက် ကူးစက်တာမဟုတ်ဘဲ ထွန်ယက်မှု၊ သားရဲတိရစ္ဆာန်တွေကိုသတ်ဖြတ်မှု၊ သယံဇာတထုတ်ယူမှု၊ ရာသီဥတုပြောင်းလဲမှု စတဲ့ သဘာဝပတ်ဝန်းကျင် ယုတ်လျော့ပျက်စီးစေမှု မောင်းနှင်အားကြောင့် ကူးစက်တာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်စီမံကိန်းနဲ့ နိုင်ငံတကာ မွေးမြူရေးတိရစ္ဆာန်သုတေသနသိပ္ပံဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top