Euro 2024 ပွဲမှာ မင်းသမီးဂျွန်ဂျီဟွန်ကို မိသားစုနဲ့အတူ မြင်တွေ့ခဲ့ရ

26.6.2024-yyl-1.jpg

တောင်ကိုရီးယားထိပ်တန်းမင်းသမီးချော ဂျွန်ဂျီဟွန်ဟာ သူ့ရဲ့ကိုယ်ရေးကိုယ်တာဘဝကို သိုဝှက်ထားတတ်တဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ Euro 2024 ပွဲမှာ သူတို့မိသားစုကို ပရိသတ်တွေက ရှားရှားပါးပါးမြင်တွေ့ခဲ့ရပါတယ်။ ဇွန်လ ၂၂ ရက်နေ့က ဂျာမနီနိုင်ငံမှာ ပြုလုပ်တဲ့ ပြင်သစ်နဲ့ နယ်သာလန်ပွဲစဉ်မှာ ဂျွန်ဂျီဟွန်ကို ခင်ပွန်းဖြစ်သူအပြင် သား ၂ ယောက်နဲ့ပါ မြင်တွေ့ခဲ့ရတာပါ။

ဂျီဟွန်က အနက်ရောင်ဟူဒီနဲ့ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး ပရိသတ်တွေက သူ့ကို အလွယ်တကူမှတ်မိကြပါတယ်။ သူ့ရဲ့ဘေးမှာ သူ့ခင်ပွန်း စီးပွားလုပ်ငန်းရှင်ချွိုင်ဂျွန်ဟော့ခ်နဲ့အတူ Dutch အသင်းဂျာစီဝတ်ဆင်ထားတဲ့ သား ၂ ယောက်ကို တွေ့ရပါတယ်။ ပရိသတ်တွေက ဂျီဟွန်ရဲ့သား ၂ ယောက်ကို အရင်က အခုလိုမြင်တွေ့ရဖို့ခဲယင်းခဲ့တာပါ။

သူတို့မိသားစုရဲ့ဓာတ်ပုံက လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပြီး မိဘတွေလို သား ၂ ယောက် ချောမောနေတဲ့အကြောင်းကို ချီးမွမ်းခန်းဖွင့်ခဲ့ကြပါတယ်။ မိဘတွေက ရုပ်ရည်ချောမောနေမှတော့ သားတွေကလည်း ရုပ်ရည်ချောမောကြတယ်လို့ ဆိုကြပါတယ်။ တချို့က သားအကြီးလေးက ဂျီဟွန်နဲ့တူပြီး အငယ်လေးက အဖေနဲ့တူတယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ဂျီဟွန်က ဘောလုံးပွဲချစ်မြတ်နိုးကြောင်းကို ပြသခဲ့တာ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း ဘောလုံးသမား အာလင်ဟာလန်ကို လက်မှတ်ထိုးပေးဖို့ တောင်းဆိုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

Ref: Jun Ji Hyun’s Sons Spotted At Euro 2024 Match And Everyone’s Talking About How Good-Looking They Are

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top