တစ်ကိုယ်တော်ရွက်လွှင့်သူတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပစိဖိတ်သမုဒ္ဒရာထဲမှာ ၃ လလောက် ကမ်းကပ်ခွင့်မရခဲ့

8-5-2020-yyl-044.jpg

ပစိဖိတ်သမုဒ္ဒရာထဲမှာ ၃ နှစ်ကြာ တစ်ကိုယ်တော်ရွက်လွှင့်ဖို့ ရည်ရွယ်ခဲ့သူတစ်ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်တွေ ပိတ်ပစ်လိုက်လို့ သမုဒ္ဒရာထဲမှာ ၃ လလောက် ချာချာလည်ခဲ့ရပါတယ်။ အသက် ၅၉ နှစ်ရှိတဲ့ စင်ကာပူနိုင်ငံသား ဝမ်ဟာ ဖေဖော်ဝါရီလ ၁၂ ရက်မှာ တစ်ကိုယ်တော်ရွက်လွှင့်ခရီးစဉ် စတင်ခဲ့ပါတယ်။ ဝမ်ဟာ ဝါရင့်သင်္ဘောသားတစ်ယောက်ဖြစ်လို့ သူ့အတွက် လိုအပ်မယ့်ရိက္ခာပမာဏ၊ ဆိုက်ကပ်မယ့်ဒေသတွေရဲ့ ရာသီဥတုအခြေအနေကို နှစ်နဲ့ချီပြီး ပြင်ဆင်ခဲ့သူပါ။

သူ့ရဲ့အစီအစဉ်က စင်ကာပူကနေ ပိုလီနေးရှားကျွန်းကို ရွက်လွှင့်ပြီး ပိုလီနေးရှားကျွန်းကို ရောက်ရင် အဲဒီတခွင်ကို လျှောက်သွားမှာပါ။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အချိန်ယူစီစဉ်ထားတဲ့ သူ့အစီအစဉ်တွေ ကမောက်ကမ ဖြစ်ခဲ့ပါတယ်။ ပိတ်ဆို့မှုတွေကြောင့် တခြားသူတွေက စားစရာတွေ အလုအယက် ဝယ်စုနေချိန်မှာ ဝမ်ကတော့ သူ့ကို ဘယ်နိုင်ငံက လက်ခံမလဲဆိုပြီး ခိုလှုံစရာနေရာ လိုက်ရှာခဲ့ရပါတယ်။ အင်ဒိုနီးရှားကနေ ပါပူအာနယူးဂီနီကျွန်းကို ဦးတည်သွားနေတဲ့အချိန်မှာ Auto-Pilot စနစ်ပျက်သွားလို့ သူ့ရွက်လှေကို ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ အင်ဒိုနီးရှားနိုင်ငံက သူ့ကို လက်မခံခဲ့ပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top